Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံကိုသွားရောက်
DVB
·
September 11, 2018
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၇ ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum on ASEAN အစည်းအဝေးကို တက်ရောက်ဖို့ ဒီကနေ့မနက်က နေပြည်တော်ကနေ ဗီယက်နမ်နိုင်ငံကို အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာဌာန ဒုဝန်ကြီး ဦးဆက်အောင်နဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ “ASEAN 4.0: Entrepreneurship and the Fourth Industrial Revolution” ခေါင်းစဉ်နဲ့ ကျင်းပမယ့် ဒီဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ စက်တင်ဘာ ၁၁ရက်ကနေ ၁၃ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ အရှေ့အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ၂၀၁၃ ခုနှစ် ဇွန်လက မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပါတယ်။ ဓာတ်ပုံ-MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024