အင်္ဂလန်-စပိန်ပွဲ လာကြည့်သည့် မော်ရင်ဟို ချော်လဲသည့်ရုပ်သံဖိုင် ထွက်ပေါ်

မန်ယူနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ စနေနေ့က ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်နဲ့ စပိန်အသင်း ပွဲစဉ်ကို ကြည့်ရှုဖို့ လာရောက်စဉ် လူသွားဖို့ တန်းထားတဲ့ ကြိုးတန်းတခုနဲ့တိုက်မိပြီး ချော်လဲသွားတဲ့ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အင်္ဂလန်-စပိန်ပွဲစဉ်မှာ မန်ယူက လုခ်ရှော၊ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်နဲ့ ဒီဂီယာတို့ ပါဝင်နေတာမို့ သူတို့ကိုအားပေးဖို့ မော်ရင်ဟို လာရောက်ခဲ့တာပါ။ မော်ရင်ဟိုဟာ ဝင်ဘလေကွင်း အဝင်ဝမှာ လူတွေဝင်ဖို့ တန်းထားတဲ့ကြိုးတန်းပေါ်က ကျော်လိုက်စဉ် နောက်ခြေထောက်နဲ့ ကြိုးငြိပြီး လဲကျခဲ့တာ ဖြစ်ပြီး အဲဒီအချိန်မှာ ကွင်းအတွင်း ဝင်ရောက်မယ့် ပရိသတ်တွေလည်း ရှိနေပါတယ်။ လဲကျသွားတဲ့ မော်ရင်ဟိုကို အနီးမှာရှိတဲ့ ဝင်ဘလေကွင်း ဝန်ထမ်းက လာရောက်တွဲခေါ်သွားတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်လေးပွဲ ယှဉ်ပြိုင်အပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်ကြောင့် နည်းပြ မော်ရင်ဟို ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ အခုလာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာလည်း မန်ယူအသင်းဟာ ဒီရာသီ ခြေစွမ်းပြပြီး အဖွင့်ပွဲစဉ် လေးပွဲစလုံး အနိုင်ရထားတဲ့ ဝတ်ဖို့ဒ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up