Home
မြန်မာသတင်း
ကချင်စစ်ဘေးရှောင်များအတွက် အသုံးအဆောင်ပစ္စည်းများ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်း
DVB
·
September 11, 2018
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည် မိသားစု ၂၈ စုအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အိမ်အသုံးအဆောင် ပစ္စည်းတွေ မနေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။ လက်ရှိ ပမ္မတီးရပ်ကွက်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ နမ္မတီးခါနန်ရွာက လာရောက်တာဖြစ်ကြပြီး အိမ်ထောင်စုပေါင်း ၂၈ စု၊ လူဦးရေ ၁၀၀ ကျော် ရှိပါတယ်။ ဒီလှူဒါန်းပွဲမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က အားပေးစကား ပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024