အန်ဒရေဆေးလ်ဗား၏ သွင်းဂိုးဖြင့် ပေါ်တူဂီက အီတလီကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲအဖြစ် ပေါ်တူဂီနဲ့ အီတလီတို့ မနေ့ညက ယှဉ်ပြိုင်ရာ ပေါ်တူဂီက အန်ဒရေဆေးလ်ဗားရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။ အီတလီနည်းပြ မန်စီနီဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပိုလန်နဲ့ တဂိုးစီသရေကျခဲ့တဲ့ အသင်းလူစာရင်းကို ၉ နေရာအထိ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ပေါ်တူဂီအသင်းကို အသာရအောင် ကစားနိုင်ခြင်း မရှိပါဘူး။ ပေါ်တူဂီအသင်းကတော့ အဓိကတိုက်စစ်မှူး စီရော်နယ်ဒို မပါဘဲ ပွဲထွက်လာခဲ့ပေမယ့် အီတလီအသင်းကို ခြေစွမ်းအသာရအောင် ကစားနိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အသာရခဲ့ပါတယ်။ ပေါ်တူဂီအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၄၈ မိနစ်မှာ အန်ဒရေ ဆေးလ်ဗားက သွင်းယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up