မောင်တောဒေသခံများ အိုင်စီအာစီကြက်ခြေနီအဖွဲ့ကို ဆန္ဒပြ




1.8K
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)တို့ကို မောင်တောဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံနယ်စပ်မျဉ်းမှာနေထိုင်နေတဲ့ ဘင်္ဂလီလူမျိုးတွေကို ရိက္ခာထောက်ပံ့မှုကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၀ ရက် နေ့လည်ပိုင်းက ဒေသခံအင်အား ၃၀၀ ကျော်တို့ဟာ မောင်တောမြို့မှာရှိတဲ့ ICRC ရုံးနဲ့ MRCS ရုံးရှေ့တွေမှာသွားရောက်ပြီး ဆန္ဒပြခဲ့တာပါ။
နယ်စပ်ဖြတ်ကျော်ရိက္ခာထောက်ပံ့ပေးမှု အလိုမရှိ၊ နိုင်ငံတော်အစိုးရက ဒေသခံတွေရဲ့ သဘောထားဆန္ဒကို ဦးစားပေးရေး၊ ICRC နဲ့ MRCS ရန်ကုန်ရုံးချုပ်အကြံ မောင်တော ပြည်သူလက်မခံ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
မောင်တောမြို့နယ်မှာရှိတဲ့ ဘင်္ဂလီကျေးရွာတွေကို ရိက္ခာထောက်ပံ့လို့ ဆန္ဒပြရတာမဟုတ်ဘဲ နယ်စပ်မျဉ်းမှာ တရားမဝင်နေထိုင်ပြီး မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်နေသူတွေကို ICRC ရန်ကုန်ရုံးချုပ်ကနေ ထောက်ပံ့ဖို့ ညွှန်ကြားထားတဲ့ အပေါ်မှာ ဆန္ဒထုတ်ဖော်ရတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ရခိုင်လူမှုကွန်ရက်က တာဝန်ရှိသူတဦးက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ နေထိုင်နေကြသူတွေဟာ ၂၀၁၇ သြဂုတ် ၂၅ ရက်က နယ်ခြားစောင့် ရဲခန်း ၃၀ ကျော်ကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ပြီး တပ်မတော်က အကြမ်းဖက်သမားတွေကို နယ်မြေရှင်းလင်းပြီးတဲ့နောက် နယ်စပ်မျဉ်းမှာ ဝင်ရောက်နေထိုင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။
အဲဒီ နှစ်နိုင်ငံနယ်စပ်မျဉ်းဟာ မြန်မာနိုင်ငံဘက်က ပိုင်ဆိုင်တဲ့ မြေနေရာဖြစ်ပြီး နေအိမ်အဆောက်အဦ တည်ဆောက်ခွင့်မရှိတဲ့နေရာလည်း ဖြစ်ပါတယ်။
သတင်း-ဗညား