A d v e r t i s e m e n t With Us

တရုတ်နှင့် ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း တည်ဆောက်မှု ပူးတွဲတိုးမြှင့်ရန် ကတိပြု

ဓာတ်ပုံ - fmprc
တရုတ်နဲ့ ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း (CPEC) ကို တည်ဆောက်မှု ပူးတွဲတိုးမြှင့်မယ်၊ အပြန်အလှန်ဆက်ဆံရေး တိုးတက်အောင် တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ တရုတ်နဲ့ ပါကစ္စတန် အစိုးရတို့ စက်တင်ဘာ ၉ ရက်က ကတိပြုလိုက်ပါတယ်။ ပါကစ္စတန်နိုင်ငံကို သွားရောက်လည်ပတ်နေတဲ့ တရုတ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပါကစ္စတန်သမ္မတ အာရစ်ဖ် အယ်လ်ဗီနဲ့ ဝန်ကြီးချုပ် အမ်ရန်ခန်း တို့နဲ့ မြို့တော် အစ္စလာမ္မာဘတ်မှာ သီးခြားစီ တွေ့ဆုံချိန်မှာ ကတိတွေ ပြုခဲ့ကြတာပါ။ တရုတ်နိုင်ငံရဲ့ ဆင်းရဲမှု ပပျောက်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွေ့အကြုံတွေကို အစည်းအဝေးအတွင်း ဝမ်က ပါကစ္စတန် သမ္မတကို ရှင်းပြခဲ့ပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ်ကလည်း တရုတ်ရဲ့ အတွေ့အကြုံတွေကနေ လေ့လာဖို့ မျှော်လင့်တယ်၊ တရုတ်နိုင်ငံကို နိုဝင်ဘာလမှာ သွားရောက်လည်ပတ်ပြီး ရှန်ဟိုင်းမှာ ကျင်းပမယ့် တရုတ်ရဲ့ ပထမဆုံး နိုင်ငံတကာ သွင်းကုန်ပြပွဲကို တက်ရောက်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up