A d v e r t i s e m e n t With Us

သြစတြေးလျတွင် အမျိုးသမီးနှင့် ကလေးများပါဝင်သည့် အလောင်း ၅ လောင်း တွေ့

ဓာတ်ပုံ - Reuters
ပါ့သ်မြို့အနောက်ပိုင်း ဆင်ခြေဖုံးကနေ အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်တဲ့ အလောင်း ၅ လောင်းကို သြစတြေးလျရဲတပ်ဖွဲ့က စက်တင်ဘာ ၉ ရက်မှာ တွေ့ခဲ့တယ်လို့ သြစတြေးလျ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကို ရဲက စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းမှာ ရောက်ရှိခဲ့တာဖြစ်ပြီး အလောင်း ၅ လောင်း တွေ့ခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုတွေလည်း စတင်နေပြီလို့ သြစတြေးလျအနောက်ပိုင်း ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ပေါလ်စတီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အလောင်းတွေဟာ အသတ်ခံရတာကြောင့် သေဆုံးတာလား၊ အနီးနားမှာ လက်နက်တွေ တွေ့ခဲ့သေးလား ဆိုတာကိုတော့ ဒုရဲမင်းကြီးက မပြောထားပါတယ်။ ရဲစုံစမ်းမှုကို အသက် ၂၀ အရွယ် အမျိုးသားတဦး ပူးပေါင်းပါဝင်နေပြီး လူထုအတွက် အန္တရာယ်မရှိဘူးလို့တော့ သူက ပြောပါတယ်။ သြစတြေးလျမှာ အခုလို လူသေဆုံးမှုများတဲ့ ရာဇဝတ်မှု ဖြစ်ခဲ့ပေမယ့် ဒါဟာ သြစတြေးလျအနောက်ပိုင်း ပြည်နယ်မှာ အခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ရပ် ဖြစ်ပါတယ်။ မေလတုန်းကလည်း လူ ၇ ဦး ပစ်သတ်ခံရမှု ဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up