ပဲရစ်မြို့လယ်တွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွား၊ လူ ၇ ဦး ဒဏ်ရာရ

ဓာတ်ပုံ - GONZALO FUENTES/Reuters
1K
ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်မှာ စက်တင်ဘာ ၉ ရက်နေ့က ဓားနဲ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသူ ၇ ဦးအနက် ၄ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ တရားရေး သတင်းရင်းမြစ်တွေက စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူနှစ်ဦးဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဒေသခံ မီဒီယာက ဖော်ပြပြီး ကျူးလွန်သူကို ရဲက ထိန်းသိမ်းခဲ့တယ်လို့ တရားရေး သတင်းရင်းမြစ်က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်ခြင်းရှိတယ်လို့တော့ ဖော်ပြခြင်း မရှိပါဘူး။
ဓားနဲ့တိုက်ခိုက်မှု ဖြစ်ပြီးနောက် ရဲတွေက အခင်းဖြစ်ရာလမ်းကို ပိတ်ခဲ့တယ်လို့ ရိုက်တာသတင်းက ထုတ်ပြန်ထားပါတယ်။