A d v e r t i s e m e n t With Us

နေးရှင်းလိဂ် ပြင်သစ် ၂-၁ နယ်သာလန် (ရုပ်သံဟိုက်လိုက်)

ယူအီးအက်ဖ်အေရဲ့ နေးရှင်းလိဂ် အုပ်စု (A) ဒုတိယပွဲစဉ်မှာ ပြင်သစ်က နယ်သာလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပြင်သစ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၄ မိနစ်မှာ အမ်ဘာပေးက သွင်းယူပါတယ်။ ပြင်သစ်အသင်းဟာ ဂျာမဏီနဲ့ ဂိုးမရှိ သရေကျတုန်းက လူစာရင်းအတိုင်း ပွဲထွက် ကစားသွားတာပါ။ နယ်သာလန်အတွက် ချေပဂိုးကို ဘာဘယ်က ၆၇ မိနစ်မှာ သွင်းယူပါတယ်။ အိမ်ကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ပြင်သစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက်ကန်သွင်းခွင့် ၈ ကြိမ်အထိ ရခဲ့ပါတယ်။ ပြင်သစ်အတွက် အနိုင်ဂိုးကို ၇၄ မိနစ်မှာ တိုက်စစ်မှူး ဂျီရှုက သွင်းယူပါတယ်။ ပြင်သစ်ဟာ အုပ်စု (အေ) မှာ ၂ ပွဲကစား ၄ မှတ်နဲ့ ဦးဆောင်နေပါတယ်။ နယ်သာလန်ဟာ ဒုတိယပွဲစဉ်အဖြစ် နာမည်ကြီး ဂျာမဏီနဲ့ ယှဉ်ပြိုင်ရမှာပါ။

A d v e r t i s e m e n t With Us

More News
Up