အချုပ်ထောင်အတွင်းသို့ မူးယစ်ဆေးဝါးများ စအိုထဲထည့်သွင်းသယ်ဆောင်လာသူကို ဖမ်းမိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 10, 2018
နေပြည်တော်ရှိ အကျဉ်းဦးစီးဌာန အချုပ်ထောင်မှာ အကျဉ်းသား တဦးကို စက်တင်ဘာလ ၈ ရက်က စစ်ဆေးရာမှာ စအိုထဲ ထည့်သွင်းသယ်လာတဲ့ WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲ့ဒီအကျဉ်းသားကို ရေသန့်စက်ရုံ တည်ဆောက်ရေးဘက် အပြင်ဘုတ်ကနေ ပြန်အ၀င်မှာ မသင်္ကာလို့ ရှာဖွေရာမှာ WY စာတမ်းပါ ပန်းရောင်ဆေးပြား (၁၀၀) ပြား၊ အစိမ်းရောင် ဆေးပြား (၁) ပြားကို တိပ်အမည်းနဲ့ ပတ်ပြီး စအိုအတွင်း ထည့်သွင်းသယ်လာခဲ့တာကို ရှာဖွေ တွေ့ရှိခဲ့ကြတာပါ။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီးအရေးယူနိုင်ဖို့ မူးယစ်တပ်ဖွဲ့ (၁၀၁) နေပြည်တော်က အမှတ် (၇) နယ်မြေရဲစခန်းမှာ မူးယစ် (ပ) ၁/၂၀၁၈ ပုဒ်မ ၁၉ (က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
အကျဉ်းသားဟာဆိုရင် ပုဒ်မ ၃၆၃/၃၇၉ နဲ့ ထောင်ဒဏ် ၄ နှစ် ကျခံနေရသူ ဖြစ်တယ်လို့လဲ သိရပါတယ်။