အများပြည်သူ လေ့လာနိုင်ရန် နှစ်ပေါင်း ၄ဝဝဝ သက်တမ်းရှိ အီဂျစ် ဂူသင်္ချိုင်း ဖွင့်လှစ်

အီဂျစ်မှာ ခရီးသွားကဏ္ဍတိုးမြှင့်ဖို့ရည်ရွယ်ပြီး ဆက်ကွာရာရှေးဂူသင်္ချိုင်းကြီးထဲက နှစ်ပေါင်း ၄ဝဝဝ သက်တမ်းရှိတဲ့ ဂူသင်္ချိုင်းတခုကို အများပြည်သူလေ့လာနိုင်ဖို့ ဖွင့်လှစ်လိုက်ပါတယ်။ ခရီးသွားတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ပြီး အခုမှဖွင့်လိုက်တဲ့ နှစ်လေးထောင်သက်တမ်းရှိ ဂုသင်္ချိုင်းဟာ ဂျီဇာမြို့နားမှာရှိတဲ့ ဆာကွာရာ ရှေးဂူသင်္ချိုင်းကြီးထဲမှာရှိပါတယ်။ ဒီဂူဟာ ဆဋ္ဌမမြောက် အီဂျစ်မင်းဆက်ရဲ့ ပထမဆုံးဘုရင်လက်ထက် အမှုထမ်းခဲ့တဲ့ မီဟုဆိုတဲ့ ရှေးဟောင်း အီဂျစ်အမတ်ကြီးတဦးကို  မြှုပ်ထားတဲ့ဂူဖြစ်ပြီး အီဂျစ်ရှေးဟောင်းနဲ့ သမိုင်းပညာရှင် ဇာခီဆတ်က ၁၉၄၀ ပြည့်နှစ်က တွ့ခဲ့တာပါ။ ဂူထဲမှာ အခန်း ၂ ခန်းပါပြီး နံရံတွေမှာ ဂူပိုင်ရှင်ရဲ့အမဲလိုက်ပုံတွေနဲ့ ရှေးဟောင်းအီဂျစ်တွေရဲ့ ဘဝပုံရိပ်တွေကို ပုံဖော်ထားတာကို တွေ့ရပါတယ်။ ဒီဂူက လှလည်းလှတယ်။ ဒီတော့ ခရီးသွားတွေအတွက် ယဉ်ကျေးမှုကို ဆက်တိုက်ပြစရာ ဖြစ်အောင် ကျနော်တို့လုပ်နေပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ ဂူတွေကို ခရီးသွားတွေ လေ့လာကြည့်ရှုခွင့်ပြုနေတာပါ။ နှစ်ပေါင်း ၃၀ လောက်လေ့လာရေးလုပ်ပြီးတဲ့ ဆိုဟတ်ပြတိုက်အပြင် ပြတိုက်တော်တော်များကို ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း ကျနော်တို့ဖွင့်ခဲ့တာပါ။ ဒီနေ့တော့ အီဂျစ်ဟာ ဘေးကင်းတယ်ဆိုတာပြဖို့ ဒီဂူကို ဖွင့်ပြီး သံအမတ်တွေရော မီဒီယာတွေရော ဖိတ်ခဲ့တယ် လို့ အီဂျစ်ရှေးဟောင်းပစ္စည်းများ ဆိုင်ရာဝန်ကြီး ခါလက်အယ်လ် နာရီက ပြောပါတယ်။ မီဟု အမတ်ကြီးဟာ ပေပီဘုရင်လက်နက်မှာ အမှုထမ်းခဲ့သူဖြစ်ပြီး နံရံပေါ်မှာ ထွင်းတားတဲ့ ရုပ်ပုံတွေအရ အမတ် ကြီးဟာ ဘွဲ့ ၄၈ ခုအထိရခဲ့သူဖြစ်သလို ဖခင်တဦးအဖြစ်၊ သားတဦးအဖြစ်၊ အဖိုးတယောက်ရဲ့မြေးအဖြစ် အသက်ရှင်ခဲ့တယ်လို့ အီဂျစ်ရှေးဟောင်း ပညာဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ ရှေးဟောင်းပညာရှင်တွေဟာ ကိုင်ရိုမြို့တောင်ပိုင်း မင်ယာမြို့ထဲက ရှေးဟောင်း ဂူသင်္ချိုင်းတခုနဲ့ ဂျီဇာကုန်းပြင် မြင့်ကနေ နှစ်ပေါင်း ၄၄၀၀ သက်တမ်းရှိတဲ့ ဂူ ၁ လုံးအပါအ၀င် ရှေးဟောင်းနေရာ တော်တော်များများကို အခုနှစ် အတွင်းတွေ့ရှိလေ့လာထားပါတယ်။ အီဂျစ်ကတော့ ဒီလိုတွေ့ရှိမှုတွေဟာ ၂၀၁၁ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျဆင်းခဲ့တဲ့ ခရီးသွားဝင်ရောက်မှုကို ပြန်လည်အဖတ်ဆယ်နိုင်မယ့် ပုံရိပ်အဖြစ် မျှော်လင့်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up