A d v e r t i s e m e n t With Us

ဆီးရီးယားတပ်ဖွဲ့နှင့် လက်နက်ကိုင်များ၏ တိုက်ပွဲကြောင့် ၁၈ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ကာမရှီလီမြို့မှာ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ခါ့ဒ်လက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေနဲ့ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် စက်တင်ဘာ ၈ ရက်မှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ ခါ့ဒ်တပ်ဖွဲ့တွေက ပြောပါတယ်။ ခါ့ဒ် YPG လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ကာမရှီလီမြို့ထဲကို ဆီးရီးယား စစ်ယာဉ်တန်း ဝင်ရောက်ခဲ့ရာကနေ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ လေဆိပ်ကိုသွားမယ့် စစ်တပ်ကင်းလှည့်အဖွဲ့ကို ခါ့ဒ်တိုက်ခိုက်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင်တော်တော်များများ သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက သတင်း ဖော်ပြပါတယ်။ YPG တပ်ဖွဲ့ဟာ မြို့တွင်းနေရာတော်တော်များများကို ထိန်းချုပ်ထားပြီး အစိုးရအဖွဲ့ကတော့ လေဆိပ်နဲ့မြို့လယ်ပိုင်းကို ထိန်းချုပ်ထားတာပါ။

A d v e r t i s e m e n t With Us

More News
Up