ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၃၇ ထိမြင့်တက်၊ ၂ ဦး ပျောက်ဆုံးနေ

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုင်းကျွန်းမှာ စက်တင်ဘာ ၆ ရက်နေ့ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃၇ ဦးအထိ မြင့်တက်လာပြီး ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အန်အိပ်ခ်ျကေ သတင်းက ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး ငလျင်ဗဟိုချက်အနီး အတ်ဆုမမြို့မှာ အဓိကထားလုပ်ဆောင်နေပါတယ်။ အတ်ဆုမမြို့မှာ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁,၈ဝဝ လောက်နဲ့ အသက်ရှင်သူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ ဒါ့အပြင် ဒေသခံ ၅,ဝဝဝ ကျော်ဟာလည်း ငလျင်ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ဒေသအစိုးရက ပြောကြားခဲ့ပါတယ်။ ပြင်းအား ၇ နီးပါးရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ပြီးနောက်မှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up