Home
မြန်မာသတင်း
ပြင်ဦးလွင်-မန္တလေးသွား ကားလမ်းဘေးဝဲယာမှ ကျူးကျော် နေအိမ် ၁၅၀ ခန့်ကို ရှင်းလင်း
Aung Aung Naing
·
September 9, 2018
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ပုသိမ်ကြီးမြို့နယ်အတွင်း ပါဝင်တဲ့ ပြင်ဦးလွင် နဲ့ မန္တလေးသွား ကားလမ်းဘေးဝဲယာ (မြို့ပတ်လမ်း) ​မှာ ကျူး​ကျော်​​နေထိုင်​ကြတဲ့ နေအိမ် ၁၅၀ လောက်ကို တာဝန်ရှိသူတွေက စက်တင်ဘာ ၉ ရက်နေ့မှာ ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ ဖယ်ရှားမှုတွေ မပြုလုပ်မီ မိမိသဘောနဲ့ ပြောင်းရွှေ့​ပေးကြဖို့ ကြိုတင်အကြောင်းကြားစာ တွေ ဖြန့်ဝေပေးခဲ့ပြီး သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ခဲ့တာကြောင့် နေအိမ်နဲ့ တဲတွေကို စည်ပင်သာယာ၊ ရဲတပ်ဖွဲ့၊ မီးသတ်နဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း အင်အား ၃၀၀ေ​ကျာ်​နဲ့ ဖယ်ရှားရှင်းလင်းခဲ့ပါတယ်​။ ကျူးကျော်နေထိုင်သူတွေအနေနဲ့ ၁၅ နှစ်​နီးပါး နေထိုင်ခဲ့ကြသူ​တွေဖြစ်​ပြီး ဖယ်ရှား ရှင်းလင်းခံရတဲ့အတွက် ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးနဲ့ မိသားစု နေထိုင်ရေး​တွေပါ အခက်အခဲဖြစ်နေကြပါတယ်​။ ​”မေကြီးအ​နေနဲ့ ​ရွှေ့ပေးဆိုရင် ​ရွှေ့ပေးပါမယ်။၊ ဒါ​ပေမယ့် အချိန်​​လေး​ပေး​စေချင်​တယ်​။ ​မေကြီးက မုဆိုးမလည်းဖြစ်၊​ ရင်​သားကင်​ဆာလည်း ဖြစ်​​နေတာ ​မိသားစုကလည်းမရှိဘူး။ ​ရှေ့ဆက်​ဘယ်​လိုစခန်းသွားရမလဲ ကူညီ​ပေးကြပါ” လို့ အသက်​ ၇၀ ​ကျော်​ ​​ဒေါ်သန်း​ရွှေက ​ပြောပါတယ်​။ စည်​ပင်​နယ်​နိမိတ်​အတွင်း ကျူး​ကျော်​​နေထိုင်​သူ​တွေကို မန္တ​လေးမြို့နယ်​ ၇ မြို့နယ်​အတွင်း ဆက်​လက်​ရှင်းလင်းသွားမယ်​လို့ ကျူးရှင်းလင်​​ရေးအဖွဲ့တာဝန်​ခံက ​ပြောပါတယ်​။ သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024