အီရတ်တွင် ဆန္ဒပြပွဲများ အရှိန်အဟုန် မြင့်တက်နေ

အီရတ်နိုင်ငံတောင်ပိုင်း ဘာဆာရာမြို့မှာ ဆန္ဒပြပွဲတွေ ဆက်ပြီး အရှိန်မြင့်တက်နေပါတယ်။ ၅ ရက်ကြာ လူအသေအပျောက်ရှိခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရှက်အယ်ရှဘီ ရုံးချုပ်အပါအဝင် အစိုးရရုံးတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဆန္ဒပြသူတွေက နိုင်ငံအတွင်း နိုင်ငံရေး အကျင့်ပျက်မှုတွေကြောင့် ဒေါသ ထွက်နေကြတာပါ။ ဒီဆန္ဒပြပွဲတွေဟာ ရလဒ်မပြတ်သားတဲ့ မေလရွေးကောက်ပွဲပြီးနောက် အစိုးရဖွဲ့နဲ့ သဘောတူညီမှု မရသေးချိန် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့က ပထမဆုံးအကြိမ် လွှတ်တော် ခေါ်ယူခဲ့ပေမယ့် လွှတ်တော် ဥက္ကဋ္ဌကို တင်မြှောက်နိုင်ခြင်း မရှိပါဘူး။ ဆန္ဒပြပွဲတွေကြောင့် အစိုးရအဖွဲ့အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့ပြီး အီရတ်ဝန်ကြီးချုပ်က  စုံစမ်းစစ်ဆေးရေး ပြုလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေးဟာ အစိုးရရုံး အဆောက်အဦနဲ့ အီရန်ကောင်စစ်ဝန်ရုံးကို ကာကွယ်ရန်ပျက်ကွက်မှုနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဘာဆာရာမြို့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်မှုကြောင့် ဆန္ဒပြသူ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up