ရေနီမြို့အနောက်တောင်ဘက်တွင် အင်အား ၄.၂ အဆင့်ရှိ ငလျင်လှုပ်
DVB
·
September 9, 2018
ပဲခူးတိုင်းဒေသကြီး ရေနီမြို့အနောက်တောင်ဘက်ကို ဗဟိုပြုပြီး မနေ့ညက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၈) ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈ နာရီ၊ ၀၆ မိနစ်၊ ၅၀ စက္ကန့် အချိန်က ရေနီမြို့ရဲ့ အနောက်တောင်ဘက် ၃၄ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉.၂၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၇၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။