A d v e r t i s e m e n t With Us

နေးရှင်းလိဂ်ပြိုင်ပွဲတွင် စပိန်က အင်္ဂလန်ကို ၂ – ၁ ဂိုးဖြင့် အနိုင်ရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူအီးအက်ဖ်အေရဲ့ နေရှင်းလိဂ် အုပ်စု D ပွဲစဉ်မှာ စပိန်က နာမည်ကြီး အင်္ဂလန်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၁ မိနစ်မှာ တိုက်စစ်မှူး ရပ်စ်ဖို့ဒ်က သွင်းယူပါတယ်။ နောက်ထပ် ၂ မိနစ်လောက်မှာပဲ စပိန်အတွက် ချေပဂိုးကို ဆာဝေါက သွင်းယူပါတယ်။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာပေမယ့် အင်္ဂလန်ကတော့ ထိုးဖောက်ကန်သွင်းခွင့် ပိုရခဲ့ပါတယ်။ စပိန်အတွက် ဦးဆောင်ဂိုးကို ၃၂ မိနစ်မှာ ရိုဒီဂိုက သွင်းယူပါတယ်။ နှစ်သင်းစလုံး ဒီပွဲမှာ အဓိက ကစားသမားအများစုနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။ အင်္ဂလန်အတွက်တော့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အပြီးမှာ ပထမဆုံး ကစားတဲ့ပွဲမှာ ရှုံးပွဲတွေ့သွားတာပါ။ စပိန်ကတော့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကမ္ဘာ့ဖလားမှာ ဒုတိယရတဲ့ ခရိုအေးရှားအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာပါ။

A d v e r t i s e m e n t With Us

More News
Up