A d v e r t i s e m e n t With Us

လက်ဖွဲ့မရသဖြင့် မင်္ဂလာဆောင် ဖျက်သိမ်းကာ သတို့သားလောင်းနှင့် လမ်းခွဲ

ငွေကြေးအခြေအနေကြောင့် ကနေဒါနိုင်ငံက အမျိုးသမီးတယောက်ဟာ သူမ ကာလရှည်စိတ်ကူးယဉ်ခဲ့ရတဲ့ မင်္ဂလာပွဲမတိုင်ခင် လေးရက်အလိုမှာတင် မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ရကာ သူမရဲ့ကာလရှည်ချစ်သူဖြစ်သူနဲ့လည်း လမ်းခွဲခဲ့ရတယ်လို့ Odditycentral သတင်းမှာဖော်ပြပါတယ်။ ကနေဒီယမ်ဆူဆန်လို့သာ နာမည်ဖော်ပြထားတဲ့ ဒီအမျိုးသမီးနဲ့ သူ့ရဲ့ သူတို့သားလောင်းတို့မှာ မင်္ဂလာပွဲအတွက် ကနေဒါငွေကြေး ၁၅ဝဝဝ လောက်သာရှိပါတယ်။ ကနေဒီယမ်ဆူဆန်က ဒီထက်ပိုမိုခမ်းနားတဲ့ လက်ထပ်ပွဲတခုကို ဆင်နွှဲလိုနေပြီး အကြံဉာဏ်ရယူကြည့်တဲ့အခါမှာ အသုံးဝင်မယ်လို့ထင်ရတဲ့ နည်းလမ်းတခုကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ မင်္ဂလာပွဲလာတဲ့ ပရိသတ်တွေဆီက ငွေသားလက်ဖွဲ့တောင်းခံတာ ပဲဖြစ်ပါတယ်။ ကနေဒီယမ်ဆူဆန်တို့ မင်္ဂလာပွဲဟာ ကနေဒါငွေကြေး ၆ဝဝဝဝ လောက်ကုန်ကျမှာဖြစ်ပြီး မင်္ဂလာပွဲကို တက်ရောက်မယ့် ဧည့်သည်တွေဆီက တဦးကို ၁၁၅ဝ လောက်ပြန်ကောက်ခံရင် သူတို့လိုအပ်နေတဲ့ ပမာဏကို ရရှိမှာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဒီအစီအစဉ်ဟာ အဆင်ပြေခဲ့ပြီး သူတို့နဲ့ရင်းနှီးသူတွေကလည်း ဒီလိုငွေကြေးထည့်ဝင်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် တကယ့်တကယ်ဖိတ်စာနဲ့ လိုက်ဖိတ်ချိန်မှာတော့ ငွေကြေးထည့်ဝင်မယ့် လူအရေအတွက်ဟာ ရှစ်ယောက်လောက်ပဲ ရှိပါတော့တယ်။ ဒါ့ကြောင့် သူတို့စုံတွဲဟာ အကြပ်ရိုက်ခဲ့ပြီး သူတို့မင်္ဂလာပွဲအတွက် လိုအပ်တဲ့စရိတ်ကို နည်းမျိုးစုံနဲ့ ရှာဖွေပေမယ့် ဘယ်လိုမှကို အဆင်မပြေခဲ့ပါဘူး။ ဆူဆန်ဟာ အွန်လိုင်းကနေတဆင့် သူ့မင်္ဂလာပွဲအတွက် ရန်ပုံငွေရှာဖွေခဲ့ပေမယ့် ၂၅ဝ သာရခဲ့ပါတယ်။ ဒါ့ကြောင့် သူမ ကာလရှည်စိတ်ကူးယဉ်ခဲ့ရတဲ့ လက်ထပ်ပွဲကြီးဟာ ပျက်စီးခဲ့ရပါတယ်။ အဲဒီလိုအခြေအနေမှာ သူ့ခင်ပွန်းလောင်းက သူ့ကို မင်္ဂလာပွဲမလုပ်ဘဲ လာ့စ်ဗီးဂတ်မြို့ကိုပဲ မင်္ဂလာပွဲအထိမ်းအမှတ် သွားရောက်လည်ပတ်ဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်က ဆူဆန်ကိုဒေါသထွက်စေခဲ့ပြီး ဒီကိစ္စကြောင့် သူတို့နှစ်ဦး စကားများ ရန်ဖြစ်ခဲ့ရပြန်ပါတယ်။ ဒီလိုစကားများရန်ဖြစ်ခြင်းကပဲ သူတို့နှစ်ဦးရဲ့ အချစ်ခရီးကို အဆုံးသတ်ဖို့ဖြစ်စေခဲ့ပြီး အခုချိန်မှာတော့ ဆူဆန်ဟာ မင်္ဂလာပွဲကို လေးရက်သာလိုတော့တဲ့အချိန်မှာ ဖျက်သိမ်းခဲ့ရုံမကဘဲ သူရဲ့ကာလရှည်ချစ်သူကိုလည်း ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up