အာနီအမည်ရ ခွေးလေး ဗြိတိန်၏ အကြီးမားဆုံးခွေးအဖြစ် မှတ်တမ်းဝင်နိုင်

1.7K
အလျားခြောက်ပေထိတောင် ရှည်လျားတဲ့ ခွေးတကောင်ဟာ ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံးခွေးအဖြစ် မှတ်တမ်းဝင်နိုင်ခြေရှိတယ်လို့ Insideedition သတင်းမှာ ဖော်ပြပါတယ်။
ဒီခွေးလေးနာမည်က အာနီလို့ခေါ်ပြီး သူဟာ ငါးလသားအရွယ်ပဲရှိပါသေးတယ်။ အာနီဟာ ဂရိတ်ဒိန်းအမျိုးအစား ဖြစ်ပြီးသူဟာ ပေါင် ၁ဝဝ နီးပါးအလေးချိန်ရှိပါသတဲ့။
အာနီဟာ အင်္ဂလန်နိုင်ငံ တောင်လာနာရှိုင်းယားအရပ်မှာ သူ့သခင်ဖြစ်သူနဲ့အတူ နေထိုင်တာဖြစ်ပြီး သူ့ကိုဒီလောက်ကြီး ကြီးထွားလာလိမ့်မယ်လို့ မထင်ခဲ့ကြောင်း သူ့သခင်ဖြစ်သူ ဂျူလီရိုက်က ပြောပါတယ်။
ဂျူလီနဲ့ သူ့ခင်ပွန်းဖြစ်သူတို့ဟာ အာနီ့ကို တိရိစ္ဆာန်စောင့်ရှောက်ရေးစခန်းတခုကနေ ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး သူ့ကိုမြင်မြင်ချင်းမှာတင် တစ်ခါတည်းမွေးဖို့ ဆုံးဖြတ်လိုက်တာလို့ လည်း ဂျူလီကဆိုပါတယ်။
ဒါပေမယ့် ခွေးလေးဟာဒီလောက်အထိ အရွယ်အစားကြီးထွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်းလည်း သူကထပ်လောင်းပြောကြားပါတယ်။
ဂျူလီနဲ့ သူ့ခင်ပွန်း ဖြစ်သူတို့ဟာ ခွေးလေးတွေကို ချစ်တတ်သူတွေဖြစ်ပြီး သူတို့မှာ တစ်ခြားခွေးလေးတွေလဲ ရှိပါတယ်။
ဒါပေမယ့် ကျန်တဲ့ခွေးလေးတွေဟာ အာနီလောက်ကြီးထွားခြင်း မရှိတာကြောင့် သူတို့နဲ့အတူ လမ်းလျောက်ထွက်ချိန်မှာ အားလုံးက ဝိုင်းကြည့်ကြတယ်လို့လဲဆိုပါတယ်။
အာနီဟာ အခုချိန်မှာမှ ငါးလသား အရွယ်သာရှိသေးပြီး ထပ်မံကြီးထွားနိုင်ခြေလဲ ရှိတာကြောင့် သူဟာ ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံးခွေးအဖြစ် စာရင်းဝင်သွားနိုင်ဖွယ် ရှိတယ်လို့လဲ သတင်းမှာဖော်ပြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံး ခွေးအဖြစ် လက်ရှိစံချိန်တင်ထားသူကတော့ နော့တင်ဟမ်မြို့မှာရှိတဲ့ ခွေးလေး ဘယ်သာဇာဖြစ်ပြီး ဘယ်သာဇာဟာ အလျား ခုနစ်ပေတောင်ရှိပါသတဲ့။