A d v e r t i s e m e n t With Us

စင်ရော်ငှက်ကို ခြေထောက်ဖြင့် ကန်သူ ၁၂၄ ဒေါ်လာ ဒဏ်ကြေးပေးဆောင်ရ

ပင်လယ်စင်ရော်တစ်ကောင်ကို ကန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသားတဦးဟာ ဒဏ်ငွေအဖြစ် ဒေါ်လာ ၁၂၄ ဒေါ်လာ ပေးဆောင်ဖို့ အပြစ်ပေးခံခဲ့ရတယ်လို့ CBS သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံ နယူးဟမ်ရှိုင်းယားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အပြစ်ပေးခံခဲ့ရတဲ့ အမျိုးသားဟာ သူ့ရဲ့ချိစ်ဘာဂါကိုလုစားဖို့ ကြိုးစားတဲ့ ငှက်ကိုကန်တယ်လို့ စွပ်စွဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ အခုနှစ်နွေရာသီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါကိုမြင်တွေ့ခဲ့တဲ့ လမ်းသွားလမ်းလာတဦးက ဒီအမျိုးသားကို တိုင်ခဲ့တာလို့လည်း ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ သတင်းတွေမှာ ဖော်ပြချက်အရတော့ အပြစ်ပေးခံခဲ့ရတဲ့ အမျိုးသားဟာ နတ်ရန်ကိုး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ ရန်ကိုးက သူဟာ ဘာဂါနဲ့ တခြားအစားအသောက်တွေကိုဝယ်လာပြီး ကမ်းခြေမှာထိုင်စဉ် ငှက်က သူ့မုန့်တွေကို လုစားခဲ့ကြောင်း၊ ငှက်ကို ခြောက်လှန့်ဖို့ ခြေထောက်နဲ့ လှမ်းခတ်စဉ်မှာ မတော်တဆ ကန်မိသွားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ ဒါကို အနီးအနားမှာရှိသူတဦးက နားလည်မှုလွဲပြီး သူ့ကိုတိုင်ချက်ဖွင့်ခဲ့တာလို့လည်း ထွက်ဆိုပါတယ်။ ဒါပေမယ့် ရန်ကိုးကန်လိုက်တာကြောင့် ငှက်ဟာ တော်တော်အထိနာသွားခဲ့ပြီး အဝေးကို ပျံသန်းဖို့တောင် တော်တော်လေးအချိန်ယူခဲ့ရတယ်လို့ ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့သူတဦးက ပြောပါတယ်။ ရန်ကိုးက သူဟာ ရည်ရွယ်ချက်မရှိဘဲ မတော်တဆ ကျူးလွန်မိတာလို့ ပြောပေမယ့် တရားရုံးက သူ့ကိုဒေါ်လာ ၁၂၄ ဒေါ်လာပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ နယူးဟမ်ရှိုင်းယားအရပ်မှာ ပင်လယ်စင်ရော်တွေကို တရားဥပဒေအရ ကာကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up