ဂျွန်လင်နွန် အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းများ အမေရိကန် ထုတ်ဝေ

1.4K
ကမ္ဘာကျော် Beatles အဖွဲ့ ပူးတွဲတည်ထောင်သူ ဂျွန်လင်နွန်ကို ဂုဏ်ပြုတဲ့အနေနဲ့ စက်တင်ဘာလ ၇ ရက်နေ့က အမေရိကန် စာပို့လုပ်ငန်းဟာ ဂျွန်လင်နွန် အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းတွေကို ထုတ်ဝေခဲ့ပါတယ်။
နယူးယောက်စီးတီးရဲ့ စင်ထရယ်ပါ့ခ်မှာ ပြုလုပ်တဲ့ အဲဒီ အခမ်းအနားကို ဂျွန်လင်နွန်ရဲ့ သားဖြစ်သူ ရှောင်အိုနိုလင်နွန်နဲ့ ဇနီးဖြစ်သူ ယိုကိုအိုနိုတို့ တက်ရောက်ခဲ့ပါတယ်။
၁၉၆ဝ ဝန်းကျင်ကာလက ရော့ခ်နဲ့ ပေါ့ပ်ဂီတပညာရှင်တဦး ဖြစ်သူ ဂျွန်လင်နွန်ဟာ အောင်မြင်တဲ့ ဆိုလို အနုပညာရှင် တဦးလည်း ဖြစ်ပါတယ်။
သူဟာ Beatles အဖွဲ့နဲ့အတူ ၁၉၆၂ နဲ့ ၁၉၇၀ ၀န်းကျင်မှာ နာမည်ကျော် တေးအယ်လ်ဘမ်တွေ ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီထဲမှာ "All You Need is Love," ဆိုတဲ့ သီချင်းဟာ ဂျွန်လင်နွန်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုတွေကိုဖော်ပြတဲ့ သီချင်းပဲဖြစ်ပါတယ်။
ဂျွန်လင်နွန်ရဲ့နောက်ဆုံး တေးအယ်လ်ဘမ်ကို ၁၉၈၀ မှာ ထုတ်လွှင့်ခဲ့ပြီး အဲဒီနှစ်မှာပဲ သူဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။