ဥရောပသမဂ္ဂကြုံနေရသည့်စိန်ခေါ်မှု ဆွေးနွေးရန် ပြင်သစ်သမ္မတနှင့် ဂျာမနီအဓိပတိ တွေ့ဆုံ

ပြင်သစ်သမ္မတ အီမန် နျူရယ်မာခွန်းနဲ့ ဂျာမနီအဓိပတိ အန်ခလာမာကယ် တို့ဟာ ဥရောပသမဂ္ဂကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးဖို့ မာဆေးမြို့မှာ စက်တင်ဘာလ ၇ ရက်က တွေ့ဆုံခဲ့ပါတယ်။ ပူးတွဲကြေညာချက်တစ်ရပ်မှာတော့ ခေါင်းဆောင်တွေက သူတို့ဟာ ဗြိတိန် နုတ်ထွက်မှု၊၊ ရွှေ့ပြောင်းနေထိုင်မှု မူဝါဒတွေ၊ စီးပွားရေးတိုးတက်မှု၊ ငွေကြေးနဲ့ ဘဏ်ကဏ္ဍ ပေါင်းစည်း မှုတွေအရေး ဆွေးနွေးမယ်လို့ ပြောထားပါတယ်။ သမ္မတမာခွန်းနဲ့ ဝန်ကြီးချုပ် မာကဲတို့ဟာ ဇွန်လတုန်းကလည်း ဂျာမနီနိုင်ငံထဲက မီးဇဘာ့မြို့မှာတွေ့ဆုံခဲ့ပြီး အီးယူရဲ့စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ဖို့ရည်ရွယ်တဲ့ ဥရောပဇုန်အသုံးစရိတ်အသစ်ကို တင်ပြထားပါတယ်။ ဒါ့ပြင် ဗြိတိန်ဟာ လာမယ့် နှစ်မတ်လမှာ ဥရောပသမဂ္ဂကနေ နုတ်ထွက်ဖို့ရှိနေချိန်မှာ သဘောတူညီချက်တခု အချိန်မီရနိုင်ဖို့ ပီပီပြင်ပြင်မရှိသေးတာကြောင့် ဗြိတိန်နုတ်ထွက်မှု အရေးဟာလည်း ခေါင်းဆောင် ၂ ဦးဆွေးနွေးမယ့် အစီအစဉ်မှာ ထိပ်ဆုံးမှာရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up