Home
မြန်မာသတင်း
မန္တလေး စိမ်းလန်းစိုပြေရေး ရတနာပုံတက္ကသိုလ်ဝင်းအတွင်း သစ်ပင် ၅ဝဝ ကျော်စိုက်ပျိုး
DVB
·
September 8, 2018
အပူဒဏ်လျှော့ချရေးနဲ့ ကာဗွန်တိုင်အောက်ဆိုက်လျှော့ချရေးအတွက် ရည်​ရွယ်​ပြီး စက်​တပ်​ယာဉ်​မပါဘဲ စက်​ဘီး ဆိုက္ကားတွေနဲ့ ရတနာပုံတက္ကသိုလ်​​ကျောင်းဝင်းအတွင်း သစ်ပင် ၅၀၀ ကျော် စိုက်ပျိုးခဲ့ကြပါတယ်။ မန္တ​လေး အမရပူရမြို့နယ်​ ရတနာပုံတက္ကသိုလ်​​ကျောင်းဝင်းအတွင်းကို မန္တ​လေး​ဈေးချို နာရီစင်​​က​နေပြီး စတင်​ကာ​ဒေသခံပြည်သူ ၁၅ဝ လောက်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်း သိမ်းလိုသူများ​ ကျောင်းသား/သူများအရပ်​ဘက်​အဖွဲ့အစည်းတွေက သွားရောက်စိုက်ပျိုးခဲ့ကြတာပါ။ လာမယ့်နှစ်တွေမှာ ကြုံတွေ့ရမယ့် သဘာဝဘေး ဖြစ်တဲ့ အပူဒဏ်​​လျော့ချ​ရေးနဲ့ ကာဗွန်ဒိုင်​​အောက်​ဆိုက်​​လျော့ကျ​စေဖို့ အခုလိုစိုက်​ပျိုးဖြစ်​တာဖြစ်​သလို ​နေပူမိုးရွာ ​နေ့စဉ်​မပျက်​ သစ်​ပင်​​ပေါင်း ၁၅၀၀ လောက်စိုက်​ခဲ့တဲ့ ဆရာကြီး ဦး​ငွေကိုဂုဏ်​ပြုပြီး အခုလို စိုက်ပျိုးခဲ့တာလို့ ဇာတိမာန် ဖောင်ဒေးရှင်းတာဝန်​ခံ ကိုနောင်ရူပက ​ပြောပါတယ်​။ ဇာတိမာန်ဖောင်ဒေရှင်းကို ၁၉၉၄ခုနှစ်၊ ဇူလိုင်လပိုင်းက အသင်းဝင် ၂၀၀ ကျော်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ၁၉၄၉ ခုနှစ်​ကတည်းက မန္တ​လေးမြို့ကြီးကို စိမ်းလန်းစို​ပြေ​စေရန်​ သစ်​ပင်​တွေ စိုက်ပျိုးခဲ့တဲ့ ဆရာကြီး ဦးငွေကို ဂုဏ်ပြုတဲ့အ​နေနဲ့ သစ်ပင်စိုက်ပျိုးခဲ့ကြတာလည်းဖြစ်ပါတယ်။ ဆရာကြီး ဦး​ငွေဟာ ​နေပူမိုးရွာမ​ရှောင်​ မန္တ​လေးနန်းမြို့ရိုးအ​ရှေ့ဘက်​ ​မြောက်​ဘက်​ မန္တ​လေး​တောင်​​ခြေ သကျသီဟဘုရား အိမ်​​တော်​ရာ​စေတီနဲ့အတူ မန္တ​လေးမဟာမြတ်​မုနိ ဘုရားကြီး အနီးမှာ တဦးတ​ယောက်​တည်း အပင်​ ၁၅၀၀ နီးပါးကို စက်​ဘီးဆိုက္ကားစီးပြီး လှညိ့လည်​စိုက်​ပျိုးလာခဲ့သူလည်းဖြစ်​ပါတယ်​။ ဆရာကြီး ဦးငွေကိုဂုဏ်ကြပြုတဲ့အ​နေနဲ့ သစ်ပင်​တွေစိုက်​ပျိုးခဲ့တာဟာ ၂၄ ကြိမ်​​မြောက်​လည်းဖြစ်​ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024