ဆိုက်ဘာတိုက်ခိုက်ခံရမှုအတွက် ဗြိတိသျှလေကြောင်းလိုင်း တာဝန်ရှိသူများ တောင်းပန်

ဆိုက်ဘာတိုက်ခိုက်မှုတခုအတွင်း ဗြိတိသျှလေကြောင်းလိုင်းအသုံးပြုသူ ၃၈၀,၀၀၀ ရဲ့ အကြွေးဝယ်ကတ် အသေးစိတ်အချက်အလက်တွေ ခိုးယူခံခဲ့ရတာအတွက် လေကြောင်းလိုင်းတာဝန်ရှိသူတွေက တောင်းပန်လိုက်ပါတယ်။ သြဂုတ် ၂၁ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အတွင်း လေယာဉ်ခရီးစဉ်တွေအတွက် ကြိုတင်လက်မှတ်ဝယ်ယူမှုတွေမှာ ဆိုက်ဘာဖောက်ထွင်းတိုက်ခိုက်ခံခဲ့ရတာလို့ လေကြောင်းလိုင်း ဥက္ကဋ္ဌလည်းဖြစ်၊ အမှုဆောင်ချုပ်လည်းဖြစ်တဲ့ အဲလက်စ် ခရုဇ်က ပြောပါတယ်။ ဒီဖြစ်ရပ်ကို သိသိချင်း ခရီးသည်တွေဆီကို ဆက်သွယ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ဆိုက်ဘာဖောက်ထွင်းသူတွေဟာ ခရီးသည်တွေရဲ့ နာမည်၊ လမ်းနာမည်၊ အီးမေးလ်လိပ်စာ၊ အကြွေးဝယ်ကတ်နံပါတ်၊ ကတ်ရဲ့ သက်တမ်းကုန်ဆုံးရက်အပြင် လုံခြုံရေးနံပါတ်တွေကို ရရှိသွားတယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။ ဒီအချက်အလက်တွေဟာ ဘဏ်စာရင်းတွေထဲက ငွေတွေကို လွှဲပြောင်းရယူဖို့ လုံလောက်တဲ့အခြေအနေပါ။ အချက်အလက် အခိုးခံလိုက်ရတဲ့ ခရီးသည်တွေကို အကြောင်းကြားထားပြီး သက်ဆိုင်ရာဘဏ်တွေ၊ အကြွေးဝယ်ကတ်စနစ်ပေးနေတဲ့ ကုမ္ပဏီတွေရဲ့လမ်းညွှန်ချက်ကို လိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့လည်း ခရုဇ်က ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up