A d v e r t i s e m e n t With Us

သူလျှိုဟောင်းနှင့်သမီးအား ဓာတုအဆိပ်တိုက်ခိုက်မှု ဆက်နွှယ်မှု လုံးဝမရှိဟု ရုရှားပြော

အင်္ဂလန် ဆားလ်စ်ဘူရီမြို့မှာဖြစ်ခဲ့တဲ့ ဓာတုအဆိပ်တိုက်ခိုက်မှုတွေဟာ ရုရှားအစိုးရဲ့ဆက်နွှယ်မှု လုံးမ၀ရှိဘူးလို့ ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မာရီယာ ဇာခါရိုဗာက စက်တင်ဘာ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါ့ပြင် ဗြိတိန်ဟာ ရုရှားအစိုးရ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ခိုင်မာတဲ့ သက်သေလည်းမပြနိုင်ဘူးလို့ သူကပြောပါတယ်။ ဆောလ်စ်ဘူရီမြို့က ရုရှားသူလျှိုဟောင်း ဆာဂေး စကစ်ပယ်နဲ့ သမီးဖြစ်သူတို့ ဓာတုအဆိပ်နဲ့ လုပ်ကြံခံရမှုအတွက် ဗြိတိန်ဟာ ရုရှားနိုင်ငံသားနှစ်ဦးအား မျက်ကွယ် တရားစွဲဆိုမှုကို စက်တင်ဘာ ၅ ရက်မှာ ပြုလုပ်ထားပါတယ်။ ဗြိတိန်ဘက်ကတော့ အဲဒီအမျိုးသား ၂ ဦးဟာ ရုရှားထောက်လှမ်းရေးတွေဖြစ်ပြီး ရုရှားနိုင်ငံကူးလက်မှတ်အစစ် ကိုင်ထားသူတွေဖြစ်ပေမယ့် နာမည်ပြောင်းထားသူတွေလို့ ပြောပါတယ်။ ရုရှားဘက်ကတော့ ဒီလိုအဆိပ်နဲ့လုပ်ကြံမှုတွေမှာ မပါသလို ဒီလိုလုပ်ကြံဖို့ ရုရှားအကြီးတန်းအရာရှိတွေက ခိုင်းစေခဲ့တယ်ဆိုတဲ့ ဗြိတိန်ရဲ့စွပ်စွဲချက်တွေကို လက်မခံနိုင်ဘူးလို့ ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up