A d v e r t i s e m e n t With Us

ချက်နိုင်ငံ အဆောက်အုံတလုံးထဲ ရဟတ်ယာဉ်ပျက်ကျ၊ ထိုင်းလုပ်ငန်းရှင် ၃ ဦးအပါ ၄ ဦး သေဆုံး

ချက်သမ္မတနိုင်ငံ ပီလ်ဆန်မြို့ စက်မှုဇုန်ထဲမှာရှိတဲ့ အဆောက်အအုံတလုံးထဲကို အသေးစားရဟတ်ယာဉ် တစင်းပျက်ကျခဲ့တာကြောင့် ရဟတ်ယာဉ်ပေါ်လိုက်လာသူ ၄ ဦးစလုံး သေဆုံးခဲ့တယ်လို့ ရဲကပြောပါတယ်။ သေဆုံးခဲ့သူတွေဟာ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃ ဦးဖြစ်ပြီး နောက်တဦးဟာ Workpress လေကြောင်း ပျံသန်းရေး လုပ်ငန်းရဲ့ အမှုဆောင်ဖြစ်သလို လေယာဉ်မှူးလည်း ဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။ ရိုက်တာသတင်းဌာနက ရရှိတဲ့ သတင်းရုပ်ပုံတွေမှာတော့ ရဲတွေဟာ အဆောက်အအုံ မျက်နှာကြက်ပေါ်မှာတင်နေတဲ့ ရဟတ်ယာဉ်ရဲ့ အစိတ်အပိုင်းတွေကို လိုက်ကောက်နေတာတွေ့ ရပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုမှာ ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ရဲတပ်ဖွဲ့ကတော့ ရဟတ်ယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up