သြဂုတ်လ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု လူးကပ်မော်ရာရရှိ

သြဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစာသမားဆုကို  စပါးတောင်ပံကစာသမား လူးကပ်မော်ရာက ရရှိသွားပါတယ်။ မော်ရာအနေနဲ့ လီဗာပူးက မာနေး၊ ချဲလ်ဆီးက မားကို့စ်အလွန်ဆိုတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။ အသက် ၂၆ နှစ်ရှိ မော်ရာဟာ ဖူဟမ်အသင်းနဲ့ပွဲမှာ အနိုင်ဂိုး ၁ ဂိုးသွင်းခဲ့သလို မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာလည်း ၂ ဂိုးသွင်းခဲ့တာပါ။ ဆုရတဲ့အတွက် ပြောပြဖို့ခက်လောက်အောင် ပျော်ရွှင်မိပြီး  ဒီလိုဆုကိုရဖို့ မလွယ်ကူဘူးလို့ မော်ရာက ဆိုပါတယ်။ ဒီလို ပျော်ရွှင်စရာ အခိုက်အတန့်ကိုရဖို့အတွက် အချိန်အများကြီးစောင့်ခဲ့ရပြီး ဒါဟာ မိမိရဲ့ အောင်မြင်မှုအစပဲ ရှိသေးတယ်လို့ မော်ရာကပြောပါတယ်။ အသင်းပရိသတ်တွေ၊ အသင်းဖော်တွေနဲ့ အသင်းတာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင် ကြောင်း မော်ရာက ပြောကြားခဲ့ပါတယ်။ ဘရာဇီးကစားသမားမော်ရာဟာ အသင်းဖော် ဆွမ်ဟော်မင်း တောင်ကိုရီးယားယူ ၂၃ အသင်းနဲ့အတူ အာရှပွဲသွားကစားခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရလာပြီး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up