အီတလီနှင့်ပိုလန် ၁ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူအီးအက်ဖ်အေရဲ့ နေးရှင်းလိဂ် အုပ်စု (စီ) ပွဲစဉ်မှာ အီတလီနဲ့ ပိုလန်တို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲဟာ အီတလီ နည်းပြသစ် မန်စီနီအတွက် လက်ရွေးစင်အသင်းကို ပထမဆုံး ကိုင်တွယ်ရတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ ပိုလန်အတွက် ဦးဆောင်ဂိုးကို မိနစ် ၄၀ မှာ ဇီလန်စကီးက သွင်းယူပါတယ်။ အီတလီအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်ခြင်းတော့ မရှိပါဘူး။ ဒီပွဲမှာ အီတလီ တိုက်စစ်မှူး ဘာလိုတယ်တီ ၂၀၁၄ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပါဝင်လာပါတယ်။ ဒီပွဲမှာ အီတလီက အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန်ရခဲ့ပါတယ်။ အီတလီအတွက် ချေပဂိုးကို ၇၈ မိနစ်မှာ ဂျောဂျင်ဟိုက သွင်းယူပါတယ်။ အီတလီဟာ ဒုတိယပွဲစဉ်အဖြစ် တနင်္လာနေ့မှာ ပေါ်တူဂီနဲ့ ယှဉ်ပြိုင်ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up