အမေရိကန်ဘဏ်တခုတွင် သေနတ်ပစ်ခတ်မှုဖြစ်၊ အနည်းဆုံး ၃ ဦး သေဆုံး

ဓာတ်ပုံ - youtube
အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် စင်စင်နာတီမြို့ ဘဏ်တခုမှာ စက်တင်ဘာ ၆ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာ Fifth Third Bank ရှိ ပစ္စည်းတင်ချရာနေရာကို ဝင်ရောက်ပြီး စတင်ပစ်ခတ်ခဲ့တယ်လို့ ရဲက ဆိုပါတယ်။ အဲဒီနောက် သူဟာ ခန်းမဆောင်ထဲဝင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရဲတပ်ဖွဲ့က သေနတ်သမားကို အသေပစ်သတ်ခဲ့ပါတယ်။ သေနတ်သမားဟာ ဘဝကို စိတ်ကုန်နေတဲ့ ဘဏ်ဝန်ထမ်းဖြစ်တယ်ဆိုတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်ကို အတည်မပြုနိုင်ဘူးလို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ ဒါ့အပြင် ပစ်ခတ်ခံရသူတွေဟာ တမင်ပစ်မှတ်ထားခံရတယ် ဆိုတာကိုလည်း မသိရှိဘူးလို့ သူကဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up