A d v e r t i s e m e n t With Us

မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်

မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်က ပထမအကြိမ် ညီလာခံနဲ့ အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို ဒီကနေ့မနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ကျိုက္ကစံအားကစားကွင်း အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စက်ဘီးအားကစားအသင်းအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စက်ဘီးစီးအသင်းအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးခင်မောင်ဝင်းက ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့တာတွေကို ရှင်းပြခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့အသစ် ပြန်လည်ရွေးခဲ့ပါတယ်။ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အဖွဲ့ကို ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ဝင်းက ပြန်လည်ရရှိပြီး ဒုဥက္ကဋ္ဌ (၁) ဦးအောင်ဝင်းထွန်း၊ ဒုဥက္ကဋ္ဌ (၂) ဦးမြတ်သူနဲ့ ဒုဥက္ကဋ္ဌ (၃) ဦးဂျွန်ဆင်တို့က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up