သံရုံးပြောင်းရွှေ့မည့် ပါရာဂွေးဆုံးဖြတ်ချက် သံတမန်ရေး အောင်မြင်မှုဟု ပါလက်စတိုင်းပြော

ဂျေရုစလင်မြို့မှာ ဖွင့်ထားတဲ့ သံရုံးကို တဲလ်အဗစ်မြို့ဆီ ပြောင်းရွှေ့ဖွင့်လှစ်မယ့် ပါရာဂွေးနိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းအတွက် သံတမန်ရေးရာ အောင်မြင်မှုလို့ ပါလက်စတိုင်း အရာရှိတဦးက စက်တင်ဘာ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ အခုလို သံရုံးပြောင်းဖွင့်မယ်လို့ ပါရာဂွေးအစိုးရက ကြေညာပြီးနောက် ပါရာဂွေးမှာ ဖွင့်ထားတဲ့ အစ္စရေးသံရုံးကို ပိတ်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက စက်တင်ဘာ ၅ ရက်မှာ အမိန့်ပေးခဲ့ပါတယ်။ ဒါဟာ ဂျေရုစလင်ကို နိုင်ငံမြို့တော်အဖြစ် သတ်မှတ်ထားတဲ့ အစ္စရေးရဲ့ အကဲဆတ်မှုကို ပြသရာရောက်နေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ ပါလက်စတိုင်းနဲ့ အစ္စရေးကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဂျေရုစလင် တမြို့လုံးကို အစ္စရေးက ပိုင်ဆိုင်ဖို့ ကြိုးစားနေတာကို နိုင်ငံတော်တော်များများက အသိအမှတ်မပြုကြပါဘူး။ ဒါ့ပြင် ဂျေရုစလင်မြို့ကို ပိုင်ဆိုင်မှုအရေးဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေကနေ တဆင့်ပဲ သွားသင့်တယ်လို့ ယူဆထားကြတာပါ။ အမေရိကန်နိုင်ငံကတော့ ဂျေရုစလင်ကို သံရုံးပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး အစ္စရေးပိုင်ဆိုင်မှုကို ထောက်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up