ဖိလစ်ပိုင်က ကလေးငယ်တွေ ရေဒီယိုအစီအစဉ် ပါဝင်ထုတ်လွှင့်
DVB
·
August 8, 2012
ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ကလေးသူငယ် ၃ ပုံ ၁ ပုံလောက်ဟာ ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ကြပြီး သူတို့ထဲက အရေအတွက် ထောင်ချီရှိတဲ့ ကလေးတွေဟာ အသက်ရှင်နေထိုင်ဖို့ အလုပ်လုပ်ကြပါတယ်။ ဆင်းရဲနွမ်းပါးခြင်း ဆိုတာ ကလေးငယ်တွေ ကျောင်းမတက်ရောက်နိုင်တာပါပဲ။ သူတို့တွေဟာ ရေသန့် သို့မဟုတ် မိလ္လာစနစ် လုံလောက်အောင် မရှိကြပါဘူး။ နောက်ပြီး လူမှုဆိုင်ရာပြဿနာ တော်တော်များများလည်း ရင်ဆိုင်နေကြရ ပါတယ်။ ဒါပေမယ့် အရွယ်ရောက်ပြီး ကလေးသူငယ် အများစုဟာ ရင်ဖွင့်ပြောဆိုမှု မရှိကြပါဘူး၊ သူတို့တွေက ပြောင်းလဲဖို့ လိုအပ်မယ် ထင်တာတွေကိုလည်း မပြောနိုင်ဖြစ်နေပါတယ်။ ကလေးများသို့ ကာယာနာတင် ဆိုတဲ့ ရေဒီယိုအစီအစဉ်ကတော့ ဒါကို ပြောင်းလဲပစ်ချင်နေတာပါ။ မနီလာမြို့တော်ရဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ ကလေးများအတွက် ဒီအစီအစဉ်ကို ကလေးတွေကပဲ ထုတ်လွှင့်နေကြပါတယ်။
နောက်မျိုးဆက်သစ် အသံလွှင့်သမားတွေ သူတို့ရဲ့ စကားပြောမိုက်ခွက်တွေနဲ့ နေရာယူနေကြတာတွေ ကို အေးရှားကောလင်း သတင်းထောက် မက်ဒွန်နာ ဗီရိုလာက သွားရောက်ကြည့်ရှုသတင်းပေးပို့ထားတာပါ။