Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 5, 2018
မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၄၃၂၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲက ၁ အိတ်ကို ၃၈၀၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့  မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၈၀၀ ဈေးကွာခြားမှုရှိပါတယ်။ ပဲစင်းငုံနီ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီအဟောင်းက ၁ အိတ်ကို ၄၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန် စည်ဒိုင်မှာတော့ ၁ အိတ်ကို ၄၂၆၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၈၀၀ ဈေးတက်သွားပါတယ်။ မန္တလေး နဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၆၀၀ ဈေးကွာခြားမှုရှိပါတယ်။ ကုလားပဲ v2 မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၀၀၀၀ ကနေ ၈၀၅၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၈၆၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၁၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၉၀၀ ဈေးကွာခြားမှုရှိပါတယ်။ နှမ်းညို မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းညို က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၃၇၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၃၃၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ ပခုက္ကူ ကုန်စည်ဒိုင် ၁ အိတ်ကို ၃၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ နှမ်းနက်(စမုံ) မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက် (စမုံ) က ၁ အိတ်ကို ၁၇၀၀၀၀ ကနေ ၂၁၀၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၈၀၀၀၀ ကနေ ၂၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ အောင်လံကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကွာခြားချက်ရှိပါတယ်။ စားအုန်းဆီ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စားအုန်းဆီက ၁ ပိဿာကို ၁၈၈၀ ကနေ ၁၈၈၅ ကျပ်ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၉၃၀ ကနေ ၁၉၄၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် တစ်ပိဿာကို ၅၅ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024