Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်ဒုသမ္မတ တောင်းဆို
DVB
·
September 5, 2018

ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို အ မြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပန့်စ်က မြန်မာနိုင်ငံကို  စက် တင်ဘာလ ၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ “ဝလုံးနဲ့ ကျော်စိုးဦးတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လူအများအပြားကို သတ်ဖြတ်မှုနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တဲ့အတွက် အသိအမှတ်ပြုပေးရမှာပါ။ ထောင်ဒဏ်ချမှတ်ရမှာ မဟုတ်ပါဘူး။ ဘာသာရေးနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ အားကောင်းတဲ့ ဒီမိုကရေစီဖြစ်ပေါ်လာစေရေးမှာ မရှိမဖြစ် အရေးပါပါတယ်။ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ တရားစီရင်ရေးကို ပြုပြင်ဖို့ တောင်းဆိုပါတယ်” လို့ သွှူရဲ့ တွစ်တာ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါ။ ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံ တော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) နဲ့ ရန်ကုန်မြို့ မြောက်ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီကျခံစေဖို့ စက်တင်ဘာလ ၃ ရက်နေ့က အမိန့်ချမှတ်လိုက်တာပါ။ ရိုက်တာသတင်းထောက် ၂ ဦးဆီကနေ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ တွေ့ရှိတာရယ်၊ ကိုဝလုံးအိမ်မှာတွေ့ရတဲ့ AA အဖွဲ့က ဖုန်းနံပါတ်တွေကို တွေ့ရှိတာကြောင့် လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ၊ တရားမဝင်အဖွဲ့အစည်းထံရောက်နိုင်တယ်လို့ တရားသူကြီးက သုံးသပ်ပြီး အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024