အိန္ဒိယတွင် တံတားတစင်း ရုတ်တရက်ပြိုကျ၊ လူအများအပြား ဒဏ်ရာရ

ဓာတ်ပုံ - Reuters
အိန္ဒိယနိုင်ငံ ကာလ်ကတ္တားမြို့မှာ စက်တင်ဘာ ၄ ရက်နေ့က တံတားတစင်း ရုတ်တရက် ပြိုကျခဲ့တာကြောင့် လူအတော်များများ ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူ ရှိမရှိကိုတော့ အာဏာပိုင်တွေက တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပေမယ့် ကြီးမားတဲ့ အပျက်အဆီးတွေအောက်မှာ ကားတချို့ ပိတ်မိနေပါတယ်။ ဒီ့အတွက် ကားပေါ်ပါလာသူတွေကို အသက်ရှင်ရက် ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေ ကြိုးစားနေပါတယ်။ အရှည် ၃၀ မီတာရှိတဲ့ အဲဒီတံတားဟာ ကာလ်ကတ္တားမြို့တောင်ပိုင်းကို သွားရာ အဓိကလမ်းကြောင်းတခုဖြစ်ပြီး သက်တမ်း အနှစ် ၄၀ ရှိပါပြီ။ အဲဒီတံတားဟာ စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှာ မော်တော်ယာဉ် အသွားအလာများတဲ့ ကားလမ်းမပေါ် ရုတ်တရက် ပြိုကျခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up