ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေ
DVB
·
September 5, 2018
ဒီနေ့မြန်မာစံတော်ချိန် ၁၁:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း ပင်လယ်ပြင်ခရီးအတွက် ခန့်မှန်းချက်အရ ရန်ကုန်ကနေ တနင်္သာရီ ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
ရေပြင်လေဟာ အနောက် (သို့) အနောက်တောင်ကို တစ်နာရီပင်လယ်မိုင် (၁၅- ၂၀)မိုင်၊ တစ်ခါတစ်ရံ (၃၅) မိုင်မှ မိုင်(၄၀) တိုက်ခတ်နိုင်ကာ လှိုင်းကြီးနိုင်ပြီး ၈ ပေမှ ၁၀ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။