Live
Home
မြန်မာသတင်း
နိုင်ငံလုံးဆိုင်ရာ လူထုမြေယာ ဆွေးနွေးပွဲ ပြင်ဦးလွင်တွင် ကျင်းပ
DVB
·
September 5, 2018
မြန်မာတနိုင်ငံလုံးမှာ လယ်သမားအရေးဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖက်ဒရယ်မြေယာအုပ်ချုပ်ရေးနဲ့ မြေယာအခွင့်အရေး ရပိုင်ခွင့်တွေ အာမခံနိုင်စေဖို့ လူထုမြေယာဆွေးနွေးပွဲကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အာရှအလင်းရောင် ကျောင်းတိုက်မှာ ဒီနေ့ မနက်ပိုင်းက စတင်ဆွေးနွေးနေကြပါတယ်။ အမျိုးသားမြေယာအသုံးချမှု မူဝါဒနဲ့ မြေယာအကျပ်အတည်း၊ အမျိုးသားမြေယာ ဥပဒေမှာ ပါဝင်တဲ့ ဥပဒေဆိုင်ရာကဏ္ဍများခေါင်းစဉ်နဲ့ ဆွေးနွေးကြတာပါ။ ပွဲစီစဉ်ဆောင်ရွက် ကိုသိန်းမင်းစိုးက “တက်ရောက်လာတဲ့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတွေက အမျိုးသားမြေယာအသုံးချမှုမူဝါဒ (NLUP) နဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် မူဆိုင်ရာကိစ္စတွေ၊ တိုင်းရင်းသား ဓလေ့ထုံးတမ်းအစဉ်အလာကို လေးစားလိုက်နာတဲ့ မြေမူဝါဒ ဆိုင်ရာကိစ္စတွေ၊ မြေယာသိမ်းဆည်းမှု၊ လယ်သမားတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စတွေ၊ လက်ရှိမြေယာမြေ ဥပဒေတွေ ပဋိပက္ခအခြေနေ စတဲ့ခေါင်းစဉ် ၅ ခုနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတလမ်းညွှန်မှုနဲ့ ၂၀၁၂ ဇွန်လ ၁၉ ရက်နေ့ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အမျိုးသားမြေအသုံးချမှု မူဝါဒပေါ်ထွက်လာခဲ့ပါတယ်။ မြေယာဆွေးနွေးပွဲကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ၊ လယ်ယာမြေအရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ အပါအ၀င် လူပေါင်း ၅၀၀ ကျော်တက်ရောက်ခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်တိုင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ သတင်း - သူရိန်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024