Home
မြန်မာသတင်း
ရိုက်တာသတင်းသမား ၂ ဦးကို ထောင်ဒဏ်ချမှတ်မှု ရှုထောင့်ပေါင်းစုံက စဉ်းစားရန် ကော်မရှင်တိုက်တွန်း 
DVB
·
September 5, 2018
ရိုက်တာသတင်းထောက်တွေကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက်ပေးဖို့ မရှိပေမယ့် ပြည်တွင်း၊ ပြည်ပက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်တာတွေ ရှိနေလို့ ရှုထောင့်ပေါင်းစုံက အလေးထားစဉ်းစားဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး အယူခံတက်ခွင့်၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်အပါအဝင် သတင်းထောက်တွေရဲ့ လူ့အခွင့်အရေး ရရှိခံစားနိုင်ဖို့လည်း အလေးထား ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။ ကော်မရှင်ဟာ ရန်ကုန်အခြေစိုက် ရိုက်တာ သတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ နှစ်ယောက်ကို ဖမ်းဆီးတဲ့ နေ့က စပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရတာ၊ ဘယ်မှာ ချုပ်ထားတယ်ဆိုတာ မသိရတာ၊ စွပ်စွဲချက်တွေကို ခုခံချေပ ဖြေရှင်းနိုင်ရေးအတွက် ရှေ့နေနဲ့ တွေ့ဆုံခွင့်မရတာ စတဲ့ တိုင်တန်းချက်တွေကို ရခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတုန်းမှာ ညှဉ်းပန်းနှိပ်စက်တာ မခံရအောင်၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင်၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်ရအောင် အပါအဝင် အခြေခံလူ့အခွင့်အရေး ရရှိခံစားနိုင်ရေးအတွက် သတင်း ထုတ်ပြန် တိုက်တွန်းခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024