ဂျပန်တွင် ၂၅ နှစ်အတွင်း အားအပြင်းဆုံးမုန်တိုင်း တိုက်ခတ်၊ အနည်းဆုံး ၆ ဦးသေ (ရုပ်သံ)

ဓာတ်ပုံ - Kyodo/via REUTERS
ဂျပန်နိုင်ငံမှာ ၂၅ နှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဂျက်ဘီ ဝင်ရောက်တိုက်ခတ်နေတဲ့အတွက် အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၂၀၀ ဒဏ်ရာရထားတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ တိုင်ဖွန်းဟာ မိုးသက်လေပြင်းတွေနဲ့အတူ ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသတွေကို ဝင်ရောက်ခဲ့တာပါ။ မုန်တိုင်းလေတိုက်နှုန်းဟာ တနာရီကို ၁၀၇ မိုင်နှုန်းအထိ ရှိနေပါတယ်။ အိုဆာကာ ပင်လယ်အော်မှာတော့ သင်္ဘောကြီးတစင်း တံတားကို ဝင်တိုက်မှုဖြစ်ထားပြီး ကျိုတိုမြို့မှာတော့ ဘူတာရုံအစိတ်အပိုင်းတခု ပြိုကျခဲ့ပါတယ်။ လှိုင်းမြင့်တွေ၊ ရေကြီးတာတွေနဲ့ ရွှံ့ပြိုနိုင်တဲ့ အန္တရာယ် သတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး လူတသန်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အမိန့်ထုတ်ထားပါတယ်။ ဒါ့ပြင် သောင်းနဲ့ချီတဲ့လူတွေ လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။ အာဏာပိုင်တွေကတော့ ဘေးကင်းရာ ပြောင်းရွှေ့ကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up