Homeမြန်မာသတင်း
ပုဂံရှေးဟောင်းနယ်မြေတွင်း လမ်းခင်းမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ မရပ်တန့်ပါက တရားစွဲမည်
ပုဂံရှေးဟောင်းနယ်မြေတွင်း လမ်းခင်းမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ မရပ်တန့်ပါက တရားစွဲမည်
ထွန်းထွန်းသိန်း
·
September 4, 2018
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက အာနန္ဒာဘုရားရှေ့မှာ ကွန်ကရစ်လမ်းခင်းတာ၊ ဓမ္မရံကြီးနဲ့ အခြားဘုရားဝန်းအတွင်းမှာ ပန်းခြံတွေ ဆောက်လုပ်တာနဲ့ လူလုပ်ကုန်းတွေ ဆောက်လုပ်နေတာတွေ မရပ်တန့်ပါက တရားဥပဒေအရ တရားဆွဲဆိုဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက ပြောပါတယ်။
ပုဂံဒေသမှာ ဆောင်ရွက်နေတဲ့ ပုဂံအမွေအနှစ် စီမံခန့်ခွဲရေးကော်မတီရဲ့ စီမံခန့်ခွဲရေး မူဝါဒတွေဟာ လတ်တလောကြိုးပမ်းနေတဲ့ ပုဂံဒေသကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် ထိခိုက်တယ်လို့လည်း အသင်းက ပြောပါတယ်။
ပုဂံအမွေအနှစ်စီမံခန့်ခွဲရေး ကော်မတီရဲ့ စီမံခန့်ခွဲရေးမူဝါဒတွေ ပွင့်လင်းမြင်သာရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းရဲ့ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။