Home
မြန်မာသတင်း
ဒေါ်နန်းမိုဟွမ်ကို ၀တ္တရားနှောင့်ယှက်မှုဖြင့် အရေးယူထားဟု တီအန်အယ်အေ ပြော
နော်နိုရင်း
·
September 4, 2018
အကောက်ခွန်ဝန်ထမ်းတွေကို အပြင်းအထန်ထိခိုက်သေဆုံတဲ့အထိ ၀တ္တရား နှောင့်ယှက်ခဲ့မှုကြောင့် ဒေါ်နန်းမိုဟွမ်ကို အမှုဖွင့်တိုင်ကြားချက်ကြောင့် ဖမ်းဆီးအရေးယူ တယ်လို့ တီအန်အယ်အေက ထုတ်ပြန်ပါတယ်။ မနေ့ စက်တင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ရှင်းလင်းချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး တီအန်အယ်အေ အကောက်ခွန်ဦးစီးဌာနက ၀န်ထမ်းတွေဟာ တာဝန်ဝတ္တရားဆောင်ရွက်နေ ချိန် မိမိအလိုအလျှောက် အပြင်းအထန်နာကျင်စေမှုနဲ့ ဒေါ်နန်းမိုဟွမ်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ နဲ့ PSLF/TNLA ဗဟိုတရားရုံးမှာ အမှုဖွင့်အရေးယူထားကြောင်း ဖော်ပြပါတယ်။ ဒါ့အပြင် ပလောင်ပြည်နယ်လွတ်မြာက်ရေးတပ်ဦးရဲ့ ဗဟိုတရားရုံးမှ ဒေါ်နန်းမိုဟွမ်ကို အမှုစတင် လက်ခံစစ်ဆေးသွားမှာဖြစ်ကြောင်းနဲ့ စီရင်ချက်ချမှတ်မယ့်နေရာမှာ သူရဲ့ ဆွေမျိုးသားချင်းနဲ့ ပြည်သူတွေရှေ့မှောက်မှာ စီရင်ဆုံးဖြတ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒေါ်နန်းမိုဟွမ်ရဲ့ ခင်ပွန်း စိုင်းစောဆွေက ဒီဖြစ်စဉ်ဟာ အစိုးရမှာ တာဝန်ရှိတယ်လို့လည်း ပြောကြားလိုက်ပါတယ်။ “အခုကအိမ်မှာ အကုန်လုံးက စိတ်ညစ်နေကြကုန်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဘာအပြစ်မှမရှိဘူးဆိုတာ ကျနော်တို့ လုံးဝပြောနိုင်တယ်လေ။ အခုဖြစ်တဲ့ကိစ္စကလည်း အစိုးရမှာ လုံးဝတာဝန်ရှိတာပေါ့ဗျာ။ သူတို့ဖြစ်တဲ့ကိစ္စက တပ်မ ၈၈ နဲ့ လုံးဝသက်ဆိုင်တဲ့ အရာလေ။ ကျနော်တို့နဲ့မှ မသက်ဆိုင်တာ။ သူတို့အခွန်လာကောက်တဲ့အချိန်မှာ တပ်မ ၈၈ က သူတို့ကို ချောင်းပစ်တာ အဲဒါနဲ့ဖြစ်တာပဲလေ။ ကျနော်တို့ကို သတင်းပေးတဲ့ ပုံစံနဲ့ ကျနော့်အမျိုးသမီးကို ဖမ်းသွားတာပေါ့။ အခုကိစ္စမှာ အစိုးရမှာ လုံးဝ တာဝန်ရှိတယ်။” အခုဆိုရင် ဒေါ်နန်းမိုဟွမ် ဖမ်းဆီးခံရတာ ၁၈ ရက်မြောက်နေ့ ဖြစ်တယ်လို့လည်း သူ့ခင်ပွန်းက ပြောပါတယ်။ တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ၅ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းက  နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တဆိုင်ကို ၀င်ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီး နန်းမိုဟွမ် (အသက် ၃၇ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ ဒေါ်နန်းမိုဟွမ်တို့မှာ သားသမီး ၃ ဦးရှိပြီး အကြီးဆုံးက ၁၅ နှစ်၊ အငယ်ဆုံးက ၆ နှစ်သမီးဖြစ်ပါတယ်။ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေက နမ့်ခမ်းရှိ နိုင်ငံရေး၊လူမှုရေးအ ဖွဲ့အစည်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ အကူအညီတောင်းခံထားသလို နမ့်ခမ်းလူ ငယ်ကွန်ရက်အဖွဲ့နဲ့ တီအန်အယ်လ်အေမဟာမိတ် SSPP ရှမ်းပြည်တပ်မတော်၊ ရှမ်းတိုင်းရင်းသားမျိုး ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ တခြားနိုင်ငံရေးပါတီတွေ ကလည်း ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024