Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 3, 2018
မြီးဒုံးဆန် ရန်ကုန်ဝါးတန်း ကုန်စည်ဒိုင်မှာ မြီးဒုံးဆန်က ၁ အိတ်ကို ၄၀၅၀၀ ကနေ ၄၂၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။ မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ၃၀၀၀ ကျပ်ဈေး တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ တန်ကို ၄၅၅၀၀၀  ကျပ်ရှိပါတယ်။ ပဲစင်းငုံနီ ပဲစင်းငုံနီကတော့ ၁ တန်ကို ၄၄၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၈၀၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ထောပတ်ပဲ ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၅၂၀ ကနေ ၂၈၇၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၉၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပဲလွန်းဖြူ ပဲလွန်းဖြူကတော့ ၁ ပိဿာကို ၃၅ ကျပ်ဈေး တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၃၃၀ ကနေ ၁၃၇၀ ကျပ်ရှိပါတယ်။ ပဲပုတ် ပဲပုတ် (မြစ်ဝကျွန်းပေါ်) ကတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၃၀၀ ကနေ ၁၃၃၅ ကျပ်ရှိပြီး ၁ ပိဿာကို ၁၀၀ ကျပ်ဈေး တက်လာပါတယ်။ ပဲကြီး ပဲကြီး (ရွှေကျွန်း၊ ကုန်း) ကတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂၃၄၅ ကျပ်ကနေ ၂၈၃၅ ကျပ်ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၉၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ စားတော်ပဲလုံး စားတော်ပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ်ဈေး တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၀၈၀ ကနေ ၁၁၇၀ ကျပ်ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024