Home
မြန်မာသတင်း
သတင်းထောက် ၂ ဦးကို​ အမြန်ဆုံးပြန်လွှတ်ပေးရန် မန္တလေးတွင် ဆုတောင်းပွဲပြုလုပ်
Aung Aung Naing
·
September 3, 2018
ရိုက်တာသတင်းထောက် ၂ ယောက်ကို ထောင် ၇ နှစ် ချမှတ်လိုက်တဲ့အပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ မန္တလေးမြို့က သတင်းထောက်တွေ စုပေါင်းပြီး မဟာမုနိရုပ်ရှင်တော်မြတ် ဘုရား​ရင်​ပြင်​​တော်​မှာ စက်တင်ဘာ ၃ ရက်နေ့ ည​နေ ၃ နာရီခွဲက ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်​။ ဆုတောင်းပွဲကို မဇ္ဈိမသတင်းဌာနက သတင်းသမားတဦးဖြစ်တဲ့ ကို​အောင်​ကိုဦးက သတင်းလွတ်လပ်ခွင့်မရှိတဲ့အပေါ် ကင်မရာ ပေါက်ခွဲပစ်ပြီး​သရုပ်ပြကာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ သတင်းရယူခွင့် တောင်းဆိုခဲ့ပါတယ်​။ “ရခိုင်သတင်းနဲ့ ပတ်သက်ပြီး တပ်မတော်ကလည်း သူတို့အရာရှိတွေကို အရေးယူပြီး ဖြစ်ပါတယ်။ ခု ထောင်ခုနှစ်ချတာဟာ လုံးဝ တရားမျှတမှုမရှိပါဘူး။ နိုင်ငံတော်ရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကလည်း ဒီအပေါ်မှာ အပြစ်ရှိသလိုပြောထားပါတယ်။ ဒီအပေါ်မှာလည်း သတင်းမီဒီယာ သမားတွေကို ဖိနှပ်သလိုဖြစ်နေပါတယ်” လို့ ဘီဘီစီသတင်းထောက် ကိုနေမျိုးလင်းက ​ပြောပါတယ်​။ မီဒီယာတွေဟာ ခေတ်အဆက်ဆက် ဖိနှိပ်ခံနေရတာဖြစ်ပြီး ပြည်သူက ရွေးချယ် တင်မြှောက်တဲ့ အခု အစိုးရလက်ထက်မှာ သတင်းထောက်တွေ တရားစွဲဆို ထောင်ချခံရမှု ပိုမိုများပြား​နေတာလည်းဖြစ်​ပါတယ်​။ သတင်းထောက် ၂ ယောက်ကို ထောင် ၇ နှစ် ချခဲတာနဲ့ ပတ်သက်ပြီး​​ အမြန်ဆုံးလွှတ်ပေးရေး နိုင်ငံတော်သမ္မတနဲ့ သက်​ဆိုင်​ရာဌာန​တွေကို လက်မှတ်ထိုးတောင်းဆို မှုတွေနဲ့ ပြည်သူလူထု အားလုံးပါဝင်​နိုင်​တဲ့ ဆန္ဒပြလှုပ်ရှားမှု​တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024