ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား အလွန်ကောင်းနေ
DVB
·
August 6, 2012
မြန်မာနိုင်ငံ အနောက်တောင်ဘက်ခြမ်းနဲ့ ထိစပ်တဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန် ကောင်းနေပေမယ့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ နေခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းကတော့ အားပျော့ပျက်ပြယ်သွားပြီလို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာ့ပင်လယ်ပြင် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် ၁ နာရီကို မိုင်၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဩဂုတ် ၆ ရက် မနက်တိုင်းထွာချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တွေမှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တွေမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။ နောက် ၂ ရက်အတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မိုးပိုလာနိုင်ပါသည်။