စစ်အင်အား တိုးချဲ့ရမည်ဟု အီရန် ဘာသာရေးခေါင်းဆောင် ပြော

ဓာတ်ပုံ - Reuters
အီရန်ဘက်က စစ်ဖြစ်ဖို့အခြေအနေ မရှိပေမယ့် လက်ရှိအနေအထားတွေအရ စစ်အင်အားကို တိုးချဲ့ရလိမ့်မယ်လို့ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက စက်တင်ဘာ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ “နိုင်ငံရေးအခြေအနေအရ စစ်ဖြစ်ဖို့ မဟုတ်ပေမယ့် စစ်သားတိုင်းဟာ ပုဂ္ဂိုလ်ရေးစွမ်းရည်နဲ့ လက်နက်စွမ်းရည်တွေကို အမြဲအဆင့်မြှင့်တင်ထားရမယ်” လို့ ဘာသာရေးခေါင်းဆောင် ခါမေနီက စက်တင်ဘာ ၁ ရက်နေ့က မြို့တော် တီဟီရန်မှာ လေတပ်ကွန်မန်ဒါတွေကို မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောဆိုသွားတာပါ။ အဲဒီနေ့ တရက်တည်းမှာပဲ အီရန်အစိုးရကလည်း “တပ်အင်အားကို တိုးမြှင့်ဖို့အတွက် ဒုံးလက်နက်တွေ၊ ရေငုပ်သင်္ဘောတွေနဲ့ တိုက်ခိုက်ရေးလေယာဉ်တွေကို ခေတ်မီတိုးတက်အောင် လုပ်ဆောင်သွားမယ်” လို့ တရားဝင်ကြေညာခဲ့ကြောင်း အီရန်သတင်းမီဒီယာတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up