အာကာသစခန်းနှင့် တွဲချိတ်ထားသည့် ဆိုယုဇ် အာကာသယာဉ်တစီးကို ပြင်ဆင်

ဓာတ်ပုံ - NASA/Space.com
နိုင်ငံတကာ အာကာသစခန်းမှာ နေတဲ့ အာကာသယာဉ်မှူးတွေဟာ အာကာသစခန်းနဲ့ တွဲချိတ်ထားတဲ့ ဆိုယုဇ် အာကာသယာဉ်တစီးကို သြဂုတ် ၃၀ ရက်က ပြင်ဆင်ခဲ့တယ်လို့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ) က ဆိုပါတယ်။ အာကာသစခန်းရဲ့ ရုရှားဘက်အပိုင်းနဲ့ ချိတ်ဆက်ထားတဲ့ Soyuz MS-09 အာကာသယာဉ်ရဲ့ အပေါ်ပိုင်းမှာ အချင်း ၂ မီလီမီတာရှိတဲ့ အပေါက်တပေါက် တွေ့တယ်လို့ Expedition 56 အဖွဲ့ဝင်တွေက သတင်းပို့ခဲ့တာပါ။ ဒီအပေါက်ကြောင့် အာကာသစခန်းအတွင်း ဖိအားလျော့ကျခဲ့တယ်လို့ နာဆာက ပြောပါတယ်။ အာကာသယာဉ်မှူးတွေမှာ အန္တရာယ်လုံးဝမရှိဘဲ သောကြာနေ့မှာ ပုံမှန်အတိုင်း အလုပ်လုပ်လိမ့်မယ်လို့လည်း နာဆာက ဆိုပါတယ်။ ယိုစိမ့်မှုဖြစ်ရတဲ့ အကြောင်းတွေကို ရုရှား အာကာသဌာန Roscosmos က စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up