Home
မြန်မာသတင်း
ကော်ဖီရွက်မှတဆင့် အပင်ပွားသည့် သုတေသန အောင်မြင်
ပိုင်စိုး
·
September 3, 2018
ကော်ဖီရွက်ကတဆင့် အပင်ပွားတဲ့သုတေသနကို ဓာတ်ခွဲခန်းမှာ အောင်မြင်နေပြီလို့ စိုက်ပျိုးရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်ဇီဝတနည်းပညာသုတေသနဌာနစုမှာ တစ်သျှူးနည်းပညာနဲ့ ကော်ဖီရွက်ကတဆင့် aက်ာဖီပင်အမြောက်အမြား ပွားများနိုင်တဲ့ သုတေသနကို စမ်းသပ်ခဲ့တာပါ။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာနွဲ့နွဲ့ယဉ်က “ကော်ဖီပင်ကတော့ ဒါပထမဆုံးဖြစ်ပါတယ်။ မနှစ်က စပြီး စမ်းသပ်ခဲ့တာပါ။ အခုဖြစ်လာတဲ့ အပင်လေးတွေကို ၁ စင်တီမီတာလောက် ဖြစ်လာရင် စပ်မြေပေါ်မှာ ပြန်ပြီး အပင်ဖြစ်အောင် လုပ်ရပါမယ်။ ၅ လက်မ၊ ၆ လက်မ လောက်ဖြစ်လာမှ ပျိုးခင်ထဲကို ချရမှာပါ” လို့ ပြောပါတယ်။ Robusta ကော်ဖီပင်ရဲ့ အရွက်ဖြတ်ပိုင်းကို (Media) ကြားခံ အမျိုးမျိုးမှာ စမ်းသပ်ပြီး အဆင့်ဆင့် သုတေသန ပြုလုပ်ခဲ့တာပါ။ အခုအခါ အပင်ငယ်တွေ ဖြစ်နေပြီး ပတ်ဝန်းကျင်ဒဏ်ခံနိုင်အောင် (Hardening) အဆင့်မှာ စမ်းသပ်ထားပြီ ဖြစ်ပါတယ်။ ဒီလိုပွားနိုင်မယ်ဆိုရင် မျိုးသန့်အပင်တွေ ရလာမယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆိုပါတယ်။ ဒီမတိုင်ခင်ကတော့ ကြံ၊ ဆီအုန်း၊ ငှက်ပျောနဲ့ သစ်ခွတို့ကိုလည်း တစ်သျှူးနည်းပညာနဲ့ ပွားယူနိုင်သေးတယ်လို့ ဒေါက်တာနွဲ့နွဲ့ယဉ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024