Home
မြန်မာသတင်း
မိုးညှင်းတွင် စက်မှုနှင့်အသက်မွေးပညာသင်တန်း ပို့ချ
DVB
·
September 2, 2018
ကချင်ပြည်နယ် မိုးညင်းမြို့ စိမ်းလဲ့ရတနာခန်းမမှာ ဒီနေ့မနက်ပိုင်းက စက်မှုနဲ့အသက်မွေးပညာ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ပြီး   လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန၊ ကချင်ပြည်နယ်စက်မှု ကြီးကြပ်ရေးနဲ့စစ်ဆေးရေးဦးစီးဌာန (လျှပ်စစ်စစ်ဆေးရေး) တို့က စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ “ရည်ရွယ်ချက်ကတော့ လူစွမ်းအားကို အခြေခံပြီးတော့ ကျေးလက်တွေမှာမီးရနေပြီ။ အဲဒီမီးကို အန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်နိုင်အောင် သင်ကြားပေးတာပါ။ လျှပ်စစ်နဲ့ ပတ်သက်ပြီး တွေးခေါ်တတ်အောင်၊ စဉ်းစားနိုင်အောင် ကျွမ်းကျင်တဲ့ လူသားတွေကို မွေးထုတ်ပေးဘို့ပါ။ အပြင်မှာ မလုပ်နိုင်ရင်တောင် အိမ်တွင်းမှာ အန္တရာယ်ကင်းစွာနဲ့ လုပ်ကိုင်တတ်အောင်ပေါ့နော်” လို့ လျှပ်စစ်ကျွမ်းကျင် ဒု (၁၄၂) ဦးဇာနည်ဦးက  ပြောပါတယ်။ စက်မှုနဲ့အသက်မွေးပညာ ရွေ့လျားသင်တန်းကို ကချင်ပြည်နယ်မှာ ပထမဆုံးလာရောက်ဖွင့်လှစ်တာဖြစ်ပြီး တက်ရောက်လာသူတွေရဲ့ မေးမြန်းမှုတွေကို မိုးညှင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇေယျာလွင်က ပြန်လည်ရှင်းလင်းပြခဲ့တယ်လို့ သိရပါတယ်။ ကျေးလက်တွေမှာ စက်မှုနဲ့အသက်မွေးပညာ သင်ကြားလိုပါက သင်တန်းသား ၃ဝ ပြည့်ပါက သက်မွေးပညာရွေ့လျားသင်တန်းက အခမဲ့လာရောက်သင်ကြားပေးမှာဖြစ်ပြီး သင်ယူလိုသူဟာ အခြေခံပညာအဆင့် အသက် ၃၅ နှစ်တွင်းဖြစ်ပြီး နေ့စဉ်သင်တန်းစရိတ် ၅ဝဝ ကျပ်နဲ့ ဝတ်စုံ၊ စာအုပ်တွေလည်း ထောက်ပံ့မယ်လို့ သိရပါတယ်။ အောင်လက်မှတ်ရရှိပါက ဘယ်ဌာနမှာမဆို တရားဝင်လုပ်ကိုင်နိုင်ကြောင်း သိရပါတယ်။ ခင်သန်းညွန့်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024