Live
Home
မြန်မာသတင်း
မြန်မာတနိုင်ငံလုံးတွင် ဆည် ၅၇ ခု ရေပြည့်၍ ရေပိုလွှဲ ရေကျော်နေ
ပိုင်စိုး
·
September 2, 2018
စက်တင်ဘာ ၂ ရက်နေ့မှာ တနိုင်ငံလုံးက ဆည်တွေထဲက ဆည်ပေါင်း ၅၇ မှာ ရေပြည့်ပြီး ရေပိုလွှဲက ရေကျော်နေတယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မနေ့က ဆည်ပေါင်း ၆ဝ မှာရေပြည့်ရေကျော်ခဲ့ပြီး ဒီနေ့မှာတော့ ၃ ခု လျော့သွားတာပါ။ ရေကျော်တဲ့ ရေမှတ်အမြင့် ဒသမ ၁ ပေကနေ ၄ ဒသမ ၉ ပေအထိ ဆည်တွေမှာ ရေကျော်နေတာပါ။ ပဲခူးတိုင်း ရဲနွယ်ရေလှောင်တမံက ၄ ဒသမ ၉ ပေအထိ ရေကျော်နေတာဖြစ်ပြီး အများဆုံးလည်း ဖြစ်ပါတယ်။ ပဲခူးတိုင်း ဖြူးချောင်းရေလှောင်တမံက ၄ ဒသမ ၅၅ ပေရေကျော်ပြီး ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ပြီးတော့ မကွေးတိုင်း ကြီးအုံကြီးဝရေလှောင်တမံက ၂ ဒသမ ၈ ပေ၊ ပဲခူးတိုင်း ဝဲကြီးရေလှောင်တမံက ၂ ဒသမ ၉ ပေ ရေကျော်နေပါတယ်။ ပဲခူးတိုင်း ကိုဒူကွဲရေလှောင်တမံအပါအဝင် ပဲခူးတိုင်းထဲက ရေလှောင်တမံ ၅ ခုဟာ ရေ ၁ ပေခွဲနဲ့အထက် ကျော်နေကြပါတယ်။ နောက်ထပ် ကရင်ပြည်နယ်က ရေဘုတ်ရေလှောင်တမံ၊ စစ်ကိုင်းတိုင်းက ရာဇဂြိုဟ် ရေလှောင်တမံ၊ မကွေးတိုင်းက မုန်းချောင်းရေလှောင်တမံ၊ ရခိုင်ပြည်နယ်က ကြက်တက်ရေလှောင်တမံနဲ့ ရှောက်ချောင်း ရေလှောင်တမံ၊ ရန်ကုန်တိုင်းက မဟူရာ (ငမိုးရိပ်) ရေကူ ရေလှောင်တမံ၊  ရှမ်းပြည်နယ် မြောက်ပိုင်းက မုံးရင် ရေလှောင်တမံ၊ ဧရာဝတီတိုင်းက နန်ကသူ ရေလှောင်တမံ တို့မှာလည်း ရေ ၁ ပေခွဲနဲ့အထက် ကျော်နေကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024