ရိုမေးနီးယားနှင့် ပြန်လည်ပေါင်းစည်းရေး မော်ဒိုင်နိုင်ငံသား ထောင်ချီ တောင်းဆို

ထောင်နဲ့ချီတဲ့ မော်ဒိုဗာနိုင်ငံသားတွေဟာ ရိုမေးနီးယားနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းရေး တောင်းဆိုတဲ့ လူထုစုဝေးပွဲကို အစိုးရရုံးအရှေ့မှာရှိတဲ့ ရင်ပြင်မှာ စက်တင်ဘာ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။ ဒီလူထု စုဝေးပွဲဟာ ရဲအစောင့်အကြပ်ကြောင့် ငြိမ်းချမ်းစွာပြီးဆုံးခဲ့ပါတယ်။ မတ်လတုန်း ကတော့ ရိုမေးနီးယားလွှတ်တော်အမတ်တွေဟာ မော်ဒိုဗာနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းရေးကို ထောက်ခံမဲပေးခဲ့ကြပါတယ်။ မော်ဒိုဗာလွှတ်တော် ဥက္ကဋ္ဌကတော့ မော်ဒိုဗာဟာ ကိုယ်ပိုင်လွတ်လပ်ရေးကို ချစ်ခင်မြတ်နိုးတယ်လို့ ပြောထားပါတယ်။ ရိုမေးနီးယားလွှတ်တော်မှာတော့ ဒုတိယ ကမ္ဘာစစ်အတွင်းတုန်းက ရိုမေးနီးယား ဘုရင့်နိုင်ငံထဲ မော်ဒိုဗာပေါင်းစည်းမှု နှစ် ၁ဝဝ ပြည့် အထူးအစည်းအဝေးပွဲကို ကျင်းပထားပါတယ်။ မော်ဒိုဗာဟာ ၁၉၄ဝ ပြည့်နှစ်မှာ  ဆိုဗီယက်ပြည်ထောင်စုရဲ့ကျူးကျော်မှုကို ခံခဲ့ရပြီး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲအပြီး  ၁၉၉၁ ခုနှစ်မှာ လွတ်လပ်ရေးရ မော်ဒိုဗာနိုင်ငံထဲမှာ ရုရှားကို လက်ခံသူတွေနဲ့ ရိုမေးနီးယားနဲ့ပေါင်းစည်းလိုသူတွေဆိုပြီး သဘောထားကွဲပြားမှု ရှိနေတယ်လို့ ရိုက်တာသတင်း မှာဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up